ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ငယ်စဉ်ကတည်းရရှိထားတဲ့ ကလေးသရုပ်ဆောင် အိစိကွေးကတော့ အခုဆိုရင် ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိလို့နေပါပြီ။ ကလေးပေမယ့် ကျရာဇာတ်ရုပ်မှာ အငို အရယ် စသဖြင့်ပီပြင်အောင် စွမ်းဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အိစိကွေားဟာ ရွယ်တူသူငယ်ချင်းတွေနဲ့ Boy Band တစ်ခုဖွဲ့ထားပြီး အယ်လ်ဘမ်တစ်ခွေလည်းထွက်ရှိထားတယ်လို့ သိရပါတယ်။

အိစိကွေးတစ်ယောက်ဟာ လူငယ်ပီပီ သူ့ရဲ့ အနုပညာလှုပ်ရှားမှု ဓာတ်ပုံလေးတွေနဲ့ သူ့ရဲ့ခံစားချက်တွေကို လူမှုကွန်ယက်ပေါ်ကနေ ပရိသတ်တွေဆီကို မျှဝေပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိစိကွေးတစ်ယောက် ငယ်ငယ်က အနုပညာအလုပ်တွေ လုပ်ခဲ့မိတာနဲ့ပတ်သတ်ပြီး နောင်တရမိကြောင်းကို သူ့ရဲ့လူမှုစာမျက်နှာမှာ ယခုလိုရေးသားထားပါတယ်။ 

"မျက်ရည်တွေကျလည်း ကျကျပဲ

ပြန်တွေးမိတယ်

ငါ ငယ်ငယ်တုန်းကသာ

အနုပညာဆိုတာကို မလုပ်ခဲ့မိရင်

အခုဆိုလွတ်လွတ်လပ်လပ်

ဘာကိုမှ ဂရုမစိုက်ပဲ နေလို့ ရမယ်

လူတွေရဲ့အပြောအဆိုတွေခံရမှာမဟုတ်ဘူး

ကျရှုံးမှုဆိုတာတွေအများကြီးရမှာမဟုတ်ဘူး

ပုံမှန်စာကြိုးစား ဘွဲ့ယူ အလုပ်လုပ် မိဘကိုလုပ်ကျွေး

ကိုယ့်စိတ်ကူးကိုယ့်အတွေးနဲ့ ကိုယ်လုပ်ခွင့်ရမှာ

အခုတော့သူငယ်ချင်းဆိုတာကလည်းဘာမှန်းမသေချာ

ဘာပဲလုပ်ချင်လုပ်ချင် ဆင်ခြင်ရတယ် မလုပ်ရဘူး

အားလုံးကို ကြောက်နေရတယ်

Personal အရေးမကြီးတော့ဘူး

ကိုယ့်ကိုယ်ကိုတောင် ကိုယ်မပိုင်ဘူး

ဒီအသက်ရွယ်၁၆ လေးကို အမျိုးမျိုးတိုက်ခိုက်ကြတယ်

အသက်နဲ့မလိုက်တဲ့ အခက်ခဲတွေ Stress တွေ ခံရတယ်

ပျော်စရာစိတ်ချမ်းသာစရာဆိုတာ ဘာများလဲ" ဆိုပြီး ရေးသားထားပါတယ် ပရိသတ်ကြီးရေ....

Source: Ei Si Kway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။