အနုပညာလောကမှာ နာမည်ရ လူသိများတဲ့ အဆိုတော် တစ်ဦးဖြစ်တဲ့ အဆိုတော် ဟန်ထူးစျာန်တစ်ယောက်ကတော့ ကျိုက်ထိုမြို့မှာ ဝိုင်းအရိုက်ခံရတော့မလို ဖြစ်ခဲ့တယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ။ ဖြစ်ပုံကတော့ ကားရပ်စရာနေရာမရှိတာကြောင့် လက်ဘက်ရည်ဆိုင်ရှေ့မှာ ရပ်ထားမိရာက စတင်ဖြစ်ပွားတယ်လို့ သိရပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ ပတ်သတ်ပြီး အဆိုတော် ဟန်ထူးစျာန်က သူ့ရဲ့ လူမှုစာမျက်နှာမှာ ပြည့်ပြည့်စုံစုံရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

"မနက်စောစောစီးစီး အရမ်းကျက်သရေယုတ်တဲ့

ကိစ္စတစ်ခုဖြစ်တယ်

ညက ကျိုက်ထိုမှာဖျော်ဖြေပြီး ချက်ချင်းရန်ကုန်ပြန်လာတာ မနက် 4 နာရီလောက်ရောက်တယ်အဲ့အချိန်

အိမ်နားမှာကားရပ်စရာ မရှိတော့လို့

ပိတ်ထားတဲ့ လဖက်ရည်ဆိုင်တဆိုင်ေ့ရှမှာ ကိုကြီးကကားကိုရပ်ထားခဲ့တယ်

မနက် ၆ နာရီခွဲလောက်မှာ ဖုန်းတွေလာတော့ ပထမတကြိမ်ကိုင်ခါနီးကျသွားတယ်

နောက်တကြိမ်ချက်ချင်းထပ်ခေါ်လို့ ကိုင်လိုက်တော့

#ဒီမှာခင်ဗျားတို့ကားလာဖယ်ပေးမလား/#ရိုက်ခွဲပေးရမလားတဲ့

လူကညကခရီးပန်းပြီး အိပ်ရေးကမဝသေးတာနဲ့စိတ်ကတော့တို့သွားတယ်

ဒါပေမယ့် သည်းခံပြီး

#ဟုတ်ကဲ့ကျွန်တော်အခုလာရွေ့ပေးပါ့မယ် လို့ပြောလိုက်ပြီးသွားရွေ့ပေးတော့

#အမေကစိတ်မချလို့ဆိုပြီးနေမကောင်းတဲ့ကြားက လိုက်လာပေးတယ်

ဆိုင်ေ့ရှရောက်ရောက်ချင်း အမေက သားတို့ရေ ကားတွေကတလမ်းလုံးပြည့််နေတာကြောင့်ရော အန်တီကလည်း နေမကောင်းတာနဲ့ လွတ်နေတဲ့ဒီနားလေးရပ်ခဲ့တာပါနော် တဲ့ လှမ်းပြောလိုက်တော့

ခပ်တည်တည်နဲ့ ကုလားတကောင် အမေကိုဘာမှမပြောပဲ စိုက်ကြည့်နေတယ်

အဲ့ဒါနဲ့အမေက သားရယ် သူများဆိုင်ဆိုတော့အားနာဖို့ကောင်းတယ် မြန်မြန်ရွေ့ပေးလိုက်ရအောင်တဲ့ဆိုလို့ရွှေ့ပေးမယ်ပေါ့ ကားလေးကိုကြည့်လိုက်တော့

ကား လေးဘက်လေးလံကို စားပွဲခုံတွေနဲ့ထိနေအောင်ကိုကပ်ပိတ်ထားတယ် ကားမှန်အေ့ရှတွေနဲ့ ေ့ရှတံခါးဖွင့်တဲ့ လက်ဆွဲနေရာတွေမှာရော မှန်တွေရောအနှံ

#ကွမ်းတံတွေးတွေထွေးထားကြတယ် စိတ်တိုလိုက်တာဗျာ

အခုလိုလာေ့ရွ့ခိုင်းလို့မရအောင် ဖုန်းနံပါတ်မထားတဲ့တာလည်းမဟုတ် သူတို့ဖုန်းဆက်တာကို အကြာကြီးမကိုင်ပဲနေပြီးမလာတာလည်းမဟုတ်

သူတို့ဆိုင်ကအရမ်းလူတွေပြည့်နေလို့ဆိုရင်တောင် လက်ခံပါသေးတယ် သူတို့ကိုယ်တိုင်တောင် မုန့်တွေလုပ်တုန်း ဆိုင်ထဲလည်း စားသုံးသူဘယ်သူမှမရှိသေးမနက်အစောကြီး

အော်ထားပါတော့ ပေါ့ စိတ်ကိုဖြေပြီး ဘုရားစာလေးရွတ်နေလိုက်တယ် 

ပြီးတော့အမေက သားတို့အန်တီတို့ကားရွေ့ပေးဖို့ ခုံလေးတွေဖယ်ပေးပါဦးတဲ့ လှမ်းပြောလိုက်တယ် နီးနီးေးကြားရက်နဲ့ တယောက်မှအဖက်မလုပ် မလာ နောက်ဆုံး အမေကသူကိုယ်တိုင် ခုံတွေရွှေ့ပေးနေတယ် တော်တော်လွန်သွားပြီဗျာ

ကျွန်တော်လည်း မနေနိူင်တော့ဘူး အမေဖယ် သားပဲလုပ်လိုက်မယ် လူဖြစ်ပြီး လူလို အသိတရားမရှိတဲ့သူတွေကို ခိုင်းမနေနဲ့တော့ လို့ပြောလိုက်တော့ ချက်ချင်း

ကျွန်တော့်ဆီပြေးလာကြပြီး ဝိုင်းရိုက်မလို့တဲ့ ဓာတ်ဘူးတွေနဲ့ပါပြစ်ကြမလို့ လုပ်ကြတော့ အမေက အန်တီတောင်းပန်ပါတယ်ဆိုပြီး့ရှေ့ကနေကာထားလို့ကျွန်တော့်ကိုမထိတာပါ

အမေအဲ့လောက်တောင်းပန်နေတာတောင် အသိတရားမရှိတဲ့ကုလားမတယောက်ထပ်ထွက်လာပြီး ရန်တွေတွေ့လိုက်တာ

ကျွန်တော်လည်းစိတ်တွေအရမ်းတိုပြီး လွတ်သွားတဲ့အချိန်အမေက မျက်လုံးပြူးပြပြိး သားလေးရယ်အလျှော့ပေးလိုက်ပါ သွားသွားကားပေါ်မြန်မြန်တတ်တဲ့

အမေ့စကားကြောင့်ကျွန်တော်ကားပေါ်ရောက်သွားတာတောင် ကျွန်တော့်ကို ဆက်တိုက်မှန်ဘေးကနေကိုလာဆဲ လက်တွေထောင်ပြလုပ်နေကြတယ်

အမေသာမပါရင် ကျွန်တော်လည်းလူငယ်တယောက်ဖြစ်တဲ့အတွက် သတ်ပွဲဖြစ်မှာကျိန်းသေပါတယ်

တော်တော်ဆိုးရွားပါတယ် လူတွေဖြစ်ပြီး နည်းနည်းလေးမှ လူတွေလိုမတွေးကြပဲ တရိစ္ဆာန်တွေလို ဝိုင်းရိုင်းကြတာမြင်ရတော့ တော်တော်တရားကျမိတယ်

လူတွေ ငါဇောတွေတော်တော်ကပ်နေကြတယ်

တနေ့အရာရာအားလုံးစွွွန့်လွှတ်ပြီး ကျိန်းသေ #သေကြရဦးမှာ မေ့နေကြတာလား...?" ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ ဒီ post အောက်မှာတော့ သူ့ရဲ့ပရိသတ်တွေက သတိထားဖို့ ပြောပြီးစိုးရိမ်နေကြတာကိုလည်း တွေ့ရပါတယ်။ 

Source: Han Htoo Zan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။