Girls' Generation အဖွဲ့ဝင် Taeyeon ဟာ Jonghyun ဆုံးပါးသွားတဲ့ သတင်းကြားပြီးတဲ့နောက် တတ်ရောက်ဖို့ စီစဉ်ထားတဲ့ ပရိသတ်လက်မှတ်ထိုးပွဲကို ဖျက်လိုက်တယ်လို့ သိရပါတယ်..။

Taeyeon ဟာ သူ Brand Model အဖြစ် လုပ်ကိုင်ပေးနေတဲ့ အလှကုန်ပစ္စည်း ပရိုမိုးရှင်းပွဲမှာ ပရိသတ်တွေကို လက်မှတ်ရေးထိုးပေးမယ့် ပရိသတ်လက်မှတ်ထိုးပွဲကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်..။

ရုတ်တရက် ဆုံးပါးသွားတဲ့ Jonghyung ရဲ့ နာရေးသတင်းကို ကြားပြီး ချက်ချင်းမှာပဲ ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်..။

အဲ့ဒီအလှကုန် Brand ရဲ့ တာဝန်ရှိသူတစ်ဦးက “Taeyeon ဟာ မဖြစ်မနေ မလွှဲမရှောင်သာတဲ့ အခြေအနေ တစ်ခုကြောင့် ဒီနေ့ပွဲကို ဖျက်လိုက်ပါ” လို့ ပြောကြားခဲ့ပါတယ်..။

Jonghyun နဲ့ Taeyeon တို့နှစ်ယောက်လုံးဟာ SM Entertainment က ဖြစ်ပြီး နှစ်ယောက်လုံး အလုပ်အတူ တွဲလုပ်ခဲ့ဖူးကြတဲ့ အရမ်းကိုခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေလည်း ဖြစ်တယ်လို့ သိရပါတယ်..။

Jonghyun ရုတ်တရက် ဆုံးပါးသွားတဲ့အတွက် Taeyeon တစ်ယောက် Jonghyun ရဲ့ ဈာပနာ နာရေးအခမ်းအနားပွဲကို သွားရောက်ခဲ့ပေမယ့်လည်း ယုံရခက်နေဆဲပါပဲ..။

သူတို့နှစ်ဦးဟာ ဖျော်ဖြေပွဲတွေမှာလည်း အတူတူဖျော်ဖြေမှုများ ရှိခဲ့ပြီး Taeyeon ကတော့ သူငယ်ချင်းဖြစ်သူရဲ့ ဈာပနအခမ်းအနားကိုလည်း မပျက်မကွက်တတ်ရောက်ခဲ့ပြီး မျက်ရည်မဆယ်နိုင် ဖြစ်ခဲ့ရပြန်ပါတယ်..။

အရမ်းကို ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းဖြစ်သူ ရုတ်တရက် ဆုံးပါးသွားတဲ့အတွက် Taeyeon တစ်ယောက် ဝမ်းနည်း ခံစားနေရမယ်ဆိုတာ ပြောဖို့တောင် မလိုတော့ပါဘူး..။

Source - allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။