မြန်မာ့ လက်ဝှေ့ရဲ့ နာမည်ကြီးလက်ဝှေ့ကျော် စိုးလင်းဦးကတော့ ထိုင်းလက်ဝှေ့ ကျော် နျူဝမ်ဂျန်နဲ့ ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲကို ဘုရားသုံးဆူ တွင် 19.12.2017 ရက်နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။ ထိုနေ့တွင် စိုးလင်းဦးပွဲအပါအဝင် အခြားပွဲကောင်များစွာလည်း ပါဝင်ခဲ့ပါတယ်။ ပရိသတ်အကြိုက် ဖြစ်စေခဲ့တဲ့ပွဲကတော့ စိုးလင်းဦးနဲ့ နျူဝမ်ဂျန် (ထိုင်း) တို့ပွဲပဲဖြစ်ပါတယ်။

မြန်မာ့ လက်ဝှေ့ကို တခေတ်စားအောင် ပြုလုပ်နေတဲ့ သူရဲကောင်းတွေများစွာထဲ မှာ စိုးလင်းဦးလည်းတစ်ဦး အပါဝင်ပဲ ဖြစ်ပါတယ်။ ယင်းပွဲတွင် စိုးလင်းဦးရဲ့တိုက်ကွက်များကြောင့် ပထမပိုင်းတွင် နျူဝမ်ဂျန်(ထိုင်း) အနားတောင်းခဲ့ရပါတယ်။ ဒုတိယ အချီတွင် ၄၇ စက္ကန့် တွင် အလဲထိုးခဲ့ပြီး အနိုင်ယူခဲ့ခြင်းဖြစ်ပါတယ်။စိုးလင်းဦးရဲ့ထိုးချက်များက နျူဝမ်ဂျန်(ထိုင်း)လက်ဝှေ့ကျော် ပွဲပြီးချိန်ထိပြန်လည် မထနိုင်ခဲ့သည့် အထိပင် ထိုးချက်ပြင်းခဲ့တာပါ။ 

မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ စိုးလင်းဦးအတွက် ပရိသတ်ကြီးလည်း ဂုဏ်ယူနေမိမှာပါ။ စိုးလင်းဦး၏ အလဲထိုးပုံများနဲ့အတူဗီဒီယိုဖိုင်လေးကိုပါ ပရိသတ်ကြီးကိုမျှဝေပေးလိုက်ပါတယ်။

Source - KNO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။