အောက်မြန်မာ နိူင်ငံကိုအင်္ဂလိပ််

တို့သိမ်းပိုက်ပြီးသကာလ အထက်မြန်မာပြည်ရှင်ဘုရင်

မင်းတုန်းမင်းသည် 1878စက်တက်ဘာ 19တွင်အပြင်း

အထန်နာမကျန်း ဖြစ်တော်မူသည်။

အိမ်ရှေ့စံ ကနောင်မင်းသားကြီးလဲ မြင်းကွန်း မြင်းခုံတိုင် အရေးအခင်း

တွင်လုပ်ကြံခံရသော ကြောင့် အိမ် ရှေ့စံအရာ မှာ

လစ်ဟာလျက် ရှိသည်။ထို့ကြောင့် ကင်းဝန်းမင်းကြီး

ဦးကောင်း ၊တိုင်းတာမင်းကြီးနှင့်ဆင်ဖြူမရှင်မိဖုရား

ကြီးတို့အိမ်ရှေ့အရာအတွက် လိူ့ဝှက်စွာ တိုင်ပင်ကြ

သည်။ဆက်ခံ နိူင်ရန်အလားလာ ရှိသော မင်းညီမင်း

သား များကိုစာရင်းပြုစုကြသည်။ 

ထို အချိန် ကနန်းတွင်းအာဏာကို ဆင်ဖြူမရှင် မိဖုရားကြီးက ခူပ်ကိုင်ထား

သည်။ထို လူရွေးပွဲတွင် အရည် ချင်းရှိသော မင်းသား

ကြီးများ ကို ကျော်ဖြတ်ကာ လောင်းရှည်မိဖုရား၏

သားတော် သီပေါ မင်းသားငယ် ကို အိမ်ရှေ့အရာ

အဖြစ် ထူးဆန်းစွာ ရွေးချယ်သည်။ကင်းဝန်မင်းကြီး

အနေဖြင့် သီပေါမင်းကို အိမ်ရှေ့စံ အဖြစ် ရွေးချယ်ရခြင်းမှာ အကြောင်းရှိသည်။

ကင်းဝန်မင်းကြီးသည်

စည်းမျဉ်းခံဘုရင်စနစ် ကိုလိုလားသည်။ထို စနစ်ဖြင့်

နိူင်ငံတော် ကို ဥရောပ နိူင်ငံများကဲ့သို့ ပြုပြင်

ပြောင်းလဲလိုသည်။လက်ရှိကျင့်သုံးနေသော

ပဒေသရာဇ် စနစ် ကို မနှစ်မြို့။အောက်မြန်မာနိူင်ငံ

အင်္ဂလိပ် လက်အောက်သို့ကျရောက်ရခြင်းမှာထိုစနစ်

၏ အားနည်းချက်များကြောင့်ဟုယူဆထားသည်။

စည်မျဉ်းခံဘုရင်စနစ်ကို၏ အကြောင်းကိုဓါးထက်သည့်

ပဒေသရာဇ် မင်းသားများဖြစ်သော မက္ခရာမင်းသား

ညောင်းရမ်းသား သုံးဆယ်မင်းသား များရှေ့တွင်

ပြောမိလျှင် ကင်းဝန်မင်းကြီး ခေါင်းပြတ်သွားနိူင်သည်။

ထို့ကြောင့်ဘသဘောထား ပျော့ပြောင်းပီး စိတ်ထား

နူးညံသည့် သီပေါမင်းသားသာလျှင် ထိုစနစ်ကို လက်ခံ

နိူင်မည်။မိမိတို့ကြိုးဆွဲရာကမည်။ 

ထို့ကြောင့်သီပေါမင်းသားကို ရွေးချယ် ခြင်းဖြစ်သည်။ဆင်ဖြူမရှင် မိဖုရား

ကြီး သီပေါမင်းအား အိမ်ရှေ့စံအဖြစ် ရွေးချယ်ရခြင်းမှာ

မိမိသမီးတော်များနှင့် ပေးစားပြီး တိုင်းပြည်အာဏာ

ကို စိတ်တိုင်းကျ ချယ်လှယ်လိုခြင်းကြောင့်ဖြစ်သည်။

1878အောက်တိုဘာ1ရက်နေ့တွင် မင်းတုန်းမင်းကြီး

နတ်ရွာစံတော်မူ သည်။ထို အခါ ဆင်ဖြူမရှင် မိဖုရားကြီးသည်

"မင်းတုန်းမင်းတရား ကြီးသည် မကြာမှီ

အချိန်ခအတွင်း နတ်ရွာစံတော်မည် ဖြစ်ပါသောကြောင့်

သားတော် သမီးတော် များကို နောက်ဆုံးအနေဖြင့်

မြင်သွားချင်သည်။

ထိုကြောင့် မည်သည့် တုတ်ဓါးလက်

နက် အပ်တို တစ်ချောင်းမှ မယူဆောင်ဘဲ မင်းတုန်းမင်း

ရှေ့မှောက်သို့အခစားဝင်ကြရမည်""ဟုပရိယာယ်ဖြင့်

အမိန် ့ထုတ်သည်။ထိုနောက် ကြေးတိုက်တော်တွင်

ဖမ်းဆီး ခူပ်နှောင်သည်။

ထိုပရိယာယ်ကိုကြိုတင်ရိပ်စား

မိသော မင်းသားအခိူ့နှင့် နယ်ဝေးသို့ရောက်ရှိနေသော

မင်းသားအခိူ့မှာ လွတ်မြောက်သွားကြသည်။့

သီပေါမင်းအား အိမ်ရှေ့စံ အဖြစ် ဘိသိတ်သွန်း

သည်။ထိုနောက် နန်းမလုနိူင်အောင် ဖမ်းဆီးထားသော

မင်းညီမင်းသားများကို နန်းတွင်းဓလေ့နှင့်အညီသုတ်

သင်သည်။

သုတ်သင်ပုံမှာ "မင်းသားတစ်ယောက်ကို

ကျောက်ဖျာပေါတွင် ဒူးထောက်နေစေသည်။ထိုနောက်

ဆံထုံးအားနောက်သို့ လန်ဆွဲသည်။လည်မိူ ကိုဝါးရင်း

တုတ်ဖြင့် ရိုက်၍သေစေသည်။ထိုသို့စီရင်ရခြင်းမှာ

မင်းဆီမင်းသွေးမြေသို့ မကျစေလို့သောကြောင်ဖြစ်

သည်။

ထိုလူသတ်ပွဲမှာ နန်းတွင်းအာဏာပိုင်များ

ပါဝင် ပတ်သတ်ခဲ့သောကြောင့် ထိုလူသတ်ပွဲကို

အနောက်နိူင်ငံသားအင်္ဂေလိပ်တို့က ကုန်းဘောင်နန်းတွင်းတရားဝင် လူသတ်ပွဲဟု အမည်ပေးခဲ့ကြသည်။

ကိုးကား-ကုန်းဘောင်ရာဇဝင်

source - အထွေထွေ ဗဟုသုတ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။