ဒိနေ ့ဟာမြန်မာ့လက်ရွေးစင်နဲ့ရန်ကုန်အသင်းရဲ့

တိုက်စစ်မှူးကျော်ကိုကိုရဲ့မွေးနေ ့လေးပါ။ပင်ကိုယ်ပါရမီ

ထူးချွန်ထက်မြက်ပြီးကြိုးစားအားထုတ်မှှုကောင်းတဲ့ကျော်ကိုကိုကို

မြန်မာဘောလုံးပရိသတ်တွေကရန်ပိုင်ပြီးနောက်

အကောင်းဆုံးတိုက်စစ်မှှုးတစ်ဦးအဖြစ်သတ်မှတ်ထားကြပါတယ်။

ကျော်ကိုကိုဟာလက်ရှိမြန်မာ့လက်ရွေးစင်အသင်းမှာလည်း

နာမည်ကျော်အောင်သူနဲ့တွဲကစားနေပါတယ်။ဒီနေ ့ဒီဇင်ဘာ၂၀မှာ

ကျရောက်တဲ့သူ ့မွေးနေ့ဟာသူ့အတွက်ပျော်စရာတွေနဲ့ပြည့်နှက်နေမှာ

သေချာပါတယ်။

မွေးနေ ့မရောက်ခင်ရက်ပိုင်းအလိုမှာပဲကျော်ကိုကိုဟာ

သူ ့ဘဝမှာအရေးကြီးတဲ့ကိစ္စတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

အဲဒါကတော့ရန်ကုန်ယူနိုက်တက်အသင်းကနေထိုင်းပရီးမီးယားလိဂ်

ကလပ်ချင်ရိုင်းကိုပြောင်းရွှေ ့ခဲ့တာပါပဲ။ဒါဟာကံကြမ္မာက

သူ ့ကိုပေးခဲ့တဲ့အကောင်းဆုံးမွေးနေ ့လက်ဆောင်တစ်ခုဖြစ်စေခဲ့မှာပါ။

ကျော်ကိုကိုဟာနောက်နှစ်ဘောလုံးရာသီကစပြီး

ချင်းရိုင်းအသင်းရဲ့တိုက်စစ်မှှုးဖြစ်လာမှာပါ။

၁၉၉၂ခုနှစ် ဒီဇင်ဘာ ၂၀ မှာ မွေးဖွားခဲ့တဲ့ ကျော်ကိုကိုဟာ

အခု ၂၀၁၇ ဒီဇင်ဘာ ၂၀ မှာ အသက်၂၅နှစ် ပြည့်မြောက်

ခဲ့ပြီဖြစ်ပါတယ်။၂၅နှစ်သားကြီးလာမယ့်နှစ်တွေမှာလည်း

အကောင်းဆုံးခြေစွမ်းတွေကိုထုတ်ပြနိုင်ပါစေလို့

ဆုတောင်းပေးလိုက်ပါတယ်။ချစ်ရတဲ့မိသားစုလေးနဲ့အတူ

ပျော်ရွွှင်စွာဘဝခရီးလမ်းကိုဆက်လက်လှေ ျာက်လှမ်းနိုင်ပါစေလို ့လည်း

Myanmarloadကနေဆုတောင်းပေလိုက်ပါတယ်။

Happy Birthday ပါကျော်ကိုကို...

Source-Kyaw Ko Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။