မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ EFL Cup ကွာတားဖိုင်နယ်ပွဲစဉ်မှာ လက်စတာအသင်းကို မန်စီးတီးအသင်းက ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရယူနိုင်ခဲ့ပါတယ်။ပွဲချိန်အတွင်း တဖက် ၁ ဂိုးစီ သရေကျခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းကတော့ EFL Cup ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကို တတ်ရောက်ခဲ့ပြီလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ အရန်ကစားသမားအများစုပွဲထုတ်ခဲ့ပြီး ယှဉ်ပြိုင်ခဲ့ပေမဲ့ အနိုင်ရလဒ်ကို ရှာဖွေနိုု်င်ခဲ့တာလည်းဖြစ်ပါတယ်။

လက်စတာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ နာချို ၊ အိုကာဇာကီ၊ အယ်ဘရိုက်တန်၊ အန်ဒီကင်း၊ အီဘိုရာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျီဆပ်၊ ဘရာဟင်၊ ဘာနန်ဒိုဆေးဗာလ်း၊ ဖိုဒမ်၊ ယာယာတိုရေး၊ ဂန်ဒိုဂမ် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းကတော့ နိုင်ပွဲဆက်တိုက်ရယူထားနိုင်ပြီး ဖလားလမ်းကြောင်းပေါ်တွေမှာ ရှိနေတာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းကအဖွင့်ဂိုး စတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ၂၆ မိနစ်မှာ ဘာနန်ဒိုဆေးဗာလ်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။လက်စတာအသင်းအတွက်ချေပဂိုးကိုတော့ မိနစ် ၉၀ မှာ ဗာဒီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ပယ်နယ်တီအဆုံးအဖြတ်ခံယူမှာတော့ ဗာဒီနဲ့ မာရက်စ် ဝင်အောင် ကန်သွင်းယူနိုင်ခြင်းမရှိခဲ့တာကြောင့် ၃ ဂိုး ၄ ဂိုး နဲ့ လက်စတာအသင်းရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။