ဦးဖြိုးမင်းသိန်းကတော့ ရန်ကုန်တိုင်းဒေသကြီး၏ဝန်ကြီးချုပ် ဖြစ်ပါတယ်။ ဦးဖြိုးမင်းသိန်းအနေဖြင့် ရန်ကုန်တိုင်းအတွက် စွမ်းစွမ်းတမံကြိုးပမ်း လုပ်ကိုင်နေလျက် ရှိပါသည်။ ဦးဖြိုးမင်းသိန်းကတော့ ရန်ကုန်မှာ YBS တွေပြေးဆွဲဖို့ လုပ်ဆောင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ Water Taxi ကိုလည်း ရန်ကုန်မြစ်တစ်လျှောက်ပြေးဆွဲနိုုင်ဖို့ ဦးဖြိုးမင်းသိန်းက လုပ်ဆောင်ပေးခဲ့ပါတယ်။

ဒါ့အပြင် ကွန်တိန်နာကားတွေကိုလည်း ညဘက်သတ်မှတ်ချိန်အတွင်းမှာသာ မောင်းဖို့ ဦးဖြိုးမင်းသိန်းက စီစဉ်ခဲ့ပါတယ်။ ဒါ့အပြင် ဦးဖြိုးမင်းသိန်းလုပ်ဆောင်ခဲ့တဲ့ အခြားအကြောင်းကိစ္စတွေလည်း ရှိပါသေးတယ်။ ယခုအခါမှာတော့ ဦးဖြိုးမင်းသိန်းက ဒေါက်တာဘွဲ့ရရှိခဲ့ပြီဖြစ်ပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ပိုလန်တက္ကသိုလ်၏ မိတ်ဖက်စီးပွားရေး ပညာသင်ကျောင်းက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသော Robinson Business School Myanmar ၏ မိတ်ဖက်တက္ကသိုလ်ဖြစ်သော ပိုလန်နိုင်ငံ University of Information Technology and Management မှ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား Honorary Doctorate in Business Administration ဘွဲ့ကို ချီးမြှင့်ခဲ့ကြောင်း ဦးဖြိုးမင်းသိန်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပါတယ်။ ဦးဖြိုးမင်းသိန်းသည် ယင်းဘွဲ့အား လက်ခံရယူခဲ့ပြီး တက်ရောက်ချီးမြှင့်ခဲ့သော ဧည့်သည်တော်များအား ဒီဇင်ဘာ ၁၈ ရက် ညနေ ၆ နာရီက ရန်ကုန်တိုင်းဝန်ကြီးချုပ်နေအိမ် မြက်ခင်းပြင်တွင် ညစာဖြင့် ဧည့်ခံခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း ယင်းဖော်ပြချက်အရ သိရပါတယ်။

Source - ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် Phyo Min Thein Facebook, Eleven  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။