မြန်မာ့ဘောလုံးလောကရဲ့အမြင့်ပျံဌက်လေးအောင်သူဟာ

မွေးရပ်မြေကနေထိုင်းနိုင်ငံဆီကို

ပျံသန်းသွားခဲ့ပါပြီ။အောင်သူထိုင်းမြေကိုနင်းနင်းချင်း

ပထမဆုံးနှုတ်ဆက်လိုက်တဲ့စကားက"ဆဝါဒီခတ်"။

အောင်သူရောက်လာတဲ့သတင်းကထိုင်းမီဒီယာ

များပေါ်မှာဒီနေ့တစ်နေ့လုံးပလူပျံနေပါတယ်။

မြန်မာတို့ရဲ့ဘောလုံးသူရဲကောင်းတစ်ယောက်အဖြစ်

ထိုင်းမြေကိုချည်းနင်းဝင်ရောက်လာတဲ့အောင်သူရဲ့

ထိုင်းပြည်တော်ဝင်ခန်းကခမ်းနားလွန်းပေစွ။

အချစ်ဆုံးသူငယ်ချင်းအောာင်သူကိုလိုက်ပို့ကြသူများက

အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ကျော်မင်းဦးနဲ့သီဟထက်အောင်။

မျိုးကိုထွန်းတို့လိုရန်ကုန်မှာမရှိတဲ့ရတနာပုံအသင်း

ဖော်တွေကတော့Facebookကနေတစ်ဆင့်Robotကြီး

အောင်သူကိုနှုတ်ဆက်ရှာပါတယ်။Robotကြီးအောင်မြင်ပါစေ။

ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်တဲ့။တကယ်တော့အောင်သူ

ထိုင်းကိုသွားတာကိုနှုတ်ဆက်ကြတာကကစားဖော်များသာမကမြန်မာ

တစ်ပြည်လုံးကအောင်သူချစ်ပရိသတ်များအားလုံးပင်။

အောင်သူကိုချစ်သောပရိသတ်တွေက

အောင်သူဘယ်တော့ထိုင်းကိုသွားမလဲဆိုတာFacebookကတစ်ဆင့်စက္ကန့်မလပ်

ရှာဖတ်နေကြရှာပါတယ်။အောင်သူကမြို့မေတ္တာခံယူတဲ့သားမဟုတ်လား။

ထိုင်းကိုမသွားခင်အောင်သူကမြန်မာပြည်ကိုလွမ်းနေပါမယ်လို့

ကတိအထပ်ထပ်ပေးခဲ့ပါတယ်။ဒီနေ့ထိုင်းကိုရောက်တော့

တယ်ရိုအသင်းပိုင်ရှင်မစ္စတာဘရိုင်ယန်မာကာနဲ့အောင်သူ

တွေ့ပါတယ်။ထို့နောက်တယ်ရိုအသင်းရဲ့လေ့ကျင့်ရေးကွင်းကို

သွားလည်ပါတယ်။ဒီနေ့တော့တယ်ရိုရဲ့လေ့ကျင့်ခန်း

အစီအစဉ်များတွင်အောင်သူပါဝင်တော့မည်။ဆဝါဒီခတ်ပါ

အောင်သူ။

Source-Treo FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။