လေဖြတ်တယ်ဆိုတာက ရာသီဥတု မရွေး ဖြစ်နေတဲ့ ရောဂါ တစ်ခုဆိုလည်း မမှားပါဘူး။ အစားအသောက်၊ အနေအထိုင် မဆင်ခြင်ရုံနဲ့ ဖြစ်တတ်တဲ့ ရောဂါ ဖြစ်ပါတယ်။ အသက် ငယ်ရင် လေမဖြတ်တတ်ဘူးလို့ တစ်ချို့က ထင်ကြပေမဲ့ တကယ်တော့ အသက်ငယ်လည်း လေဖျန်းတာ၊ လေဖြတ်တာတွေ ဖြစ်တတ်ပါတယ်။ လေဖြတ်တာက ဖြစ်ရင်သာ ရုတ်တရက် ဖြတ်တတ်ပြီး အရှင်းပျောက်ဖို့အတွက် အချိန်အတော်ကြာ ကုသ ရတာမျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် လေမဖြတ်ခင် ကြိုတင်သိစေနဲ့မဲ့ ရှေ့ပြေးလက္ခဏာများကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) ဦးခေါင်း နောက်စေ့တွင် ခေါင်းကိုက်ခြင်း

(၂) မျက်ခွံနှင့် မျက်နှာကြွက်သား ဆတ်ခနဲ လှုပ်ခြင်း

(၃) မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင် လေပွခြင်း

(၄) ညအိပ်ချိန် ထုံကျင်ပြီး လန့်နိုးခြင်း၊ လျှာကိုက်မိခြင်း

(၅) ဆီး အနီရောင်သွားခြင်း

(၆) ပစ္စည်းများကိုင်လျှင် မကြာခဏ လွတ်ကျတက်ခြင်း၊ ဖိနပ်ကျွတ်ထွက်တက်ခြင်း

(၇) ဘယ်ဘက် လက် ကိုက်တတ်ပြီး လက်တွေထုံခြင်း / ခြေဆွဲခြင်း /စကားပြောလေးခြင်း

(၈) အမျိုးသားများအသက် (၄၅ ) နှစ်ကျော်လျင် ရက်ရှည်ကြာ ခြေ၊လက် ထုံကျင်ခြင်း

(၉) အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ၊လက် များ ရက်ရှည်ကြာ ထုံကျင်ခြင်း

(၁၀) ရေချိုးပြီးလျှင် မျက်စိများ နီရဲခြင်း

ဖော်ပြပါ လက္ခဏာများက လေဖြတ်ခြင်းကို ဦးတည်နေတဲ့ လက္ခဏာများ ဖြစ်သော်လည်း တစ်ခါတစ်ရံမှာတော့ တခြားသော အကြောင်းရင်း၊ တခြားသော ရောဂါများလည်း ဖြစ်နေတတ်ပါတယ်။ ၀ီရိယ ဟူသည် ပိုသည် မရှိ ဆိုတဲ့ စကားအတိုင်း အထက်ပါအချက်များ ဖြစ်ပေါ်ခံစားနေရပြီ ဆိုရင်တော့ ဆရာဝန်နှင့် ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။ အချိန်မီ ပြသသင့်တဲ့ ရောဂါမျိုး ဖြစ်တာကြောင့် စောစီးစွာ ပြသဖို့ တိုက်တွန်းချင်ပါတယ်။

သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပြီး ကျန်းမာ၊ ချမ်းသာကြပါစေရှင်။

သတင်းအရင်းအမြစ် - Hello Health Group

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။