နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချောလေး ပိုင်တံခွန်ကတော့ စိတ်ကောက်နေတဲ့ သူ့ရဲ့ Fan တွေကို ပြန်ချော့လိုက်ပါတယ်..။

မော်လ်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကတော့ သူ့ရဲ့ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ စကားပြောဟန်လေးတွေ၊ နှစ်လိုဖွယ် အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို သိမ်းပိုက်ထားသူလည်း ဖြစ်ပါတယ်..။

မင်းသားချောလေး ပိုင်တံခွန်ဟာ မိန်းကလေး ပရိသတ် အများဆုံး ရရှိထားပြီး မိန်းကလေးပရိသတ်တွေကြား သည်းသည်းလှုပ် ချစ်ခင်အားပေးမှုတွေကို ရရှိထားတာ ဖြစ်ပါတယ်..။

ပရိသတ်ကလည်း သူတို့ ချစ်ခင် အားပေးရတဲ့ ပိုင်တံခွန်နဲ့ ပတ်သက်ရင် အရမ်းကို သဝန်တိုတတ်ကြပြီး ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ပိုင်တံခွန်ဟာ Fan တွေစိတ်ဆိုးစေမယ့် ပို့စ်လေး တစ်ခုကို အမှတ်မထင် တင်ခဲ့ပါတယ်..။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁၇)ရက်နေ့က “I love all my lovely fans , thanks for love me too..” ဆိုတဲ့ စာသားနဲ့အတူ ပရိသတ်တွေ့ဆုံပွဲမှာ ပိုင်တံခွန်ရဲ့ နဖူးကို ပရိသတ်တစ်ဦးက နဖူးကို အနမ်းပေးနေတဲ့ပုံလေးကို တင်ထားခဲ့ပြီး အဲ့ဒီ ပုံရဲ့အောက်မှာတော့ ပရိသတ်အချို့ သဝန်တို စိတ်ဆိုးကြောင်း Conmment တွေမှာ ရေးသားထားကြပါတယ်..။

ဒီဇင်ဘာ(၁၈)ရက်နေ့ကလည်း “ကျနော်ချစ်ရတဲ့ ကျနော့်ညီမနဲ့..” ဆိုတဲ့ စာသားနဲ့အတူ ရိုက်ကွင်းပုံတွေကို တင်လိုက်တာဖြစ်ပြီး မိန်းကလေး ပရိသတ်တွေ အချို့က စိတ်ဆိုး သဝန်တိုခဲ့ကြပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ စိတ်ဆိုးနေတဲ့ Fan တွေကို ပြန်ရှင်းပြပြီး ပြန်ချော့ထားတဲ့ Comment ကို ဝင်ရေးသားထားတာ တွေ့ရပါတယ်..။

“အလုပ်ထဲမှာလေကွာ ဘာလို့ စိတ်တွေကြီးဆိုးနေကြတာလည်း..” ဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်..။

ဒီဇင်ဘာ(၁၉)ရက်နေ့မှာတော့ “ပရိသတ် နဲ့ အိမ်က သားသမီးတွေက လွဲရင် အားလုံး ဖွဲ နဲ့ စကွဲ ဘဲ..” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပြီး ပြန်ချော့ထားတာ တွေ့ရပါတယ်..။

ကဲ.. Fan တွေလည်း စိတ်မဆိုးကြနဲ့တော့နော် မင်းသားချောလေး ပိုင်တံခွန်က ပြောပြီးပြီပဲ ပရိသတ်တွေကလွဲရင် အားလုံး ဖွဲနဲ့ စကွဲ ပါဆို.. ကျေနပ်တော့နော်..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။