၁၀ နှစ်သားက ၄ နှစ်သမီးကို အဓမ္မပြုကျင့်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေမြက်တင်ကျေးရွာအုပ်စု ရွာသာယာကျေးရွာတွင် နိုဝင်ဘာ ၂၂ ရက်မွန်းလွဲပိုင်းက အသက် ၁၀ နှစ်အရွယ်ယောက်ျားလေးက အစ်မဖြစ်သူထံ ခဏတာထိန်းပေးရန်အပ်ထားသော လေးနှစ်သမီးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုတိယရဲ့မှူး မျိုးသူက ပြောကြားသည်။

အဆိုပါ ယောက်ျားလေးကို ကျေးရွာရှိ လူလတ်ပိုင်းများက မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် ညစ်ညမ်းကားများ ပြသခဲ့ရာ ကလေးမှာ ယခင်ကငြင်းဆန်သော်လည်း နောက်ပိုင်းတွင် အသာတကြည်ကြည့်ရှုရာမှ ထိုရုပ်ရှင်များအတိုင်း လက်တဲ့စမ်းလိုသောကြောင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ၄င်းကထွက်ဆိုခဲ့သည်။

"သားက တစ်တန်းအထိကျောင်းတက်ဖူးတယ်။ ခုမတက်တော့ဘူး။ ရွာထဲကအကိုတွေ ပြလို့ဖုန်းထဲမှာ ၁၅ ခါလောက်ကြည့်ဖူးတယ်။ လုပ်ကြည့်ချင်စိတ်ပေါက်လို့ စမ်းကြည့်တာ။ သား အိမ်ပြန်ချင်တယ် ပြန်ပို့ပေး" ဟု ပုသိမ်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းစောင့်ရှောက်ခံနေရသည့် ကလေးက ပြောဆိုခဲ့သည်။ အဓမ္မပြုကျင့်ခံရသည့် လေးနှစ်သမီးကို ပုသိမ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

Source: Local Daily News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။