နေပြည်တော်မှာကျင်းပခဲ့တဲ့၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ မှာရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးဘောလုံးအသင်းကအနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။

မနေ့ကကျင်းပခဲ့တဲ့ဗိုလ်လုပွဲမှာ

ရန်ကုန်တိုင်းဒေသကြီးအသင်းဟာစစ်ကိုင်းတိုင်းဒေသကြီး

အမျိုးသမီးဘောလုံးအသင်းနဲ့ယှဉ်ပြိုင်ခဲ့ရတာပါ။အဆိုပါပွဲစဉ်မှာရန်ကုန်သူတို့ခြေစွမ်းပြပြီးဇေယျာရွှေမြေ

သူတို့ကိခြောက်ဂိုးနှစ်ဂိုးနဲ့အနိုင်ရဗိုလ်စွဲသွားတယ်လို့သိရပါတယ်။

တတိယနေရာလုပွဲကိုတော့

မွန်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတယ်လို့သိရပါတယ်။ တစ်ဖက်နဲ့တစ်ဖက်အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြပြီးတစ်ဖပွဲပြီးဆုံးချိန်မှာနှစ်ဂိုးစီသရေကျနေခဲ့ပါတယ်။ အဆုံးအဖြတ်

ပယ်နယ်တီကန်သွင်းရာမှာတော့ မွန်ပြည်နယ်အသင်းမှ (၆)ဂိုး၊ (၅)ဂိုးဖြင့် အနိုင်ရရှိသွားတယ်လို့သိရပါတယ်။ဆုပေးပွဲအခမ်း

အနားကိုနေပြည်တော်ဝဏ္ဏသိဒွီဘောလုံးကွင်းကြီးမှာပဲ

ပြုလုပ်ခဲ့တယ်လို့သိရပါတယ်

ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးဆုတွေကိုကိုလည်း

တစ်ဆက်တည်းပေးအပ်ချီးမြင့်ခဲ့တယ်လို့သိရပါတယ်။

အကောင်းဆုံးဂိုးသမားဆုကိုအကောင်းဆုံးဂိုးသမားဆုကို ကျောနံပါတ်(၁) သက်ငုံဖူး(ရန်ကုန်)၊ အကောင်းဆုံးနောက်တန်းဆုကိုတော့ကျာနံပါတ်(၄) စန်းသီတာဝေ(စစ်ကိုင်း)ကရရှိခဲ့ပါတယ်။အကောင်းဆုံးအလယ်တန်းဆုကိုတော့ကျောနံပါတ်(၇) စီစီလင်း(ကယား)၊ အကောင်းဆုံးရှေ့တန်းဆုကို ကျောနံပါတ်(၁ဝ) ဆွေမာအောင်(ရန်ကုန်)တို့ကအသီးသီးရရှိ

ခဲ့ပါတယ်ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုကိုတော့ကျောနံပါတ်(၁၁) ယုယုစိုး(စစ်ကိုင်း)ကရရှိခဲ့တယ်လို့

သိရပါတယ်။

Source-Mwaddy News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။