သင်ဂျယ်လီတစ်ထုပ်ကိုဝယ်ပြီး အနောက်မှာပါတဲ့ပါဝင်ပစ္စည်းတွေကိုကြည့်လိုက်ရင် ပုံမှန်သဘာဝဖြစ်တဲ့ သကြား၊ အသီးအနှံအရသာတို့အပြင် Gelatinဆိုတဲ့ အရာတစ်မျိုးကိုပါတွေ့မြင်ရမှာဖြစ်ပါတယ်။ ပုံမှန်ကြည့်ရင် Gelatinဟာ တခြားပါဝင်ပစ္စည်းတစ်မျိုးအမည်လို့ထင်ရပေမယ့် တကယ်တော့ သူဟာ အန့ံမရှိ၊ အရသာမရှိတဲ့ အဝါရောင်စေးကပ်ကပ်ပစ္စည်းတစ်မျိုးပါ။ သူ့ကို ဘယ်နေရာကနေရသလဲဆိုတော့ တိရစ္ဆာန်​အရေခွံနဲ့ အရိုးတွေကိုအကြာကြီးပြုတ်ထားပြီးမှ နောက်ဆုံးထွက်လာတဲ့ပစ္စည်းလို့ဆိုပါတယ်။

ဒီတိရစ္ဆာန်အရေခွံနဲ့ အရိုးတွေကို စက်ရုံတွေကနေမလိုအပ်ပဲ စွန့်ပစ်တဲ့နေရာမှာရလာတယ်လို့ ယူဆလို့ရပါတယ်။ တကယ်တော့ Gelatinဟာ အဆိုးကြီးလဲမဟုတ်ပါဘူး။ သူဟာအာဟာရဖြစ်စေပြီး အမိုင်နိုအက်ဆစ်၁၈မျိုးတောင် ပါဝင်တယ်လို့သိရပါတယ်။ ဒီ Gelatinကို အခြားသော အချိုစားစရာတွေနဲ့ ဆေးဝါးအချို့မှာလဲ သုံးတယ်လို့ သိရပါတယ်။

အကယ်၍ သင်ဟာ သတ်သတ်လွတ်သမားတစ်ယောက်ဖြစ်မယ်ဆိုရင် ဒီဝါးလို့ကောင်းတဲ့ ဂျယ်လီတွေ မစားမိဖို့လိုပြီနော်။

Source : popsugar

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။