ထိုင်းပရီးမီးယားလိဂ်ကလပ်Police Teroမှာအောင်သူ

နှစ်ယောက်ရှိပါတယ်။နှစ်ယောက်စလုံးကမြန်မာလူမျိုး

တွေဖြစ်ပြီးတစ်ယောက်ကဘောလုံးသမားအောင်သူ၊

နောက်တစ်ယောက်ကတယ်ရိုဆာဆနာကွင်းဝန်ထမ်းလေး

အောင်သူပါ။ကွင်းဝန်ထမ်းလေးအောင်သူဟာနာမည်ကြီး

ဘောလုံးသမားအောင်သူရောက်လာတဲ့အတွက်နတ်ရေကန်

ထဲချလိုက်သလိုဘဝပြောင်းသွားပါတော့တယ်။

သူအနေနဲ့မြက်ရိတ်ရတဲ့ဘွန်ညာချင်ဒါကွင်းကြီးကိုစောင်ရှောက်ထိန်းသိမ်းရတဲ့အလုပ်ကနေရာထူးတိုးသွားခဲ့တာပါပဲ။

သူ့ရဲ့အခုလက်ရှိအလုပ်ကဘောလုံးစတားအောင်သူကို

ဘာသာပြန်သူလုပ်ပေးရေးပါပဲ။ကွင်းဝန်ထမ်းလေးဘဝကနေ

ဘာသာပြန်ဖြစ်သွားတဲ့အတွက်သူအနေနဲ့မြင့်မားတဲ့လစာ

ရရှိမယ်လို့သိရပါတယ်။ကွင်းဝန်ထမ်းလေးအောင်သူအတွက်

ဘောလုံးစတားအောင်သူရောက်လာတာဟာ

လာခြင်းကောင်းတယ်လို့ဆိုပါရစေ။

သူတို့နှစ်ယောက်နာမည်တူနတာဟာထူးခြားတဲ့

တိုက်ဆိုင်မှုတစ်ခုပါ။အတိ်တ်နိမိတ်တွေ၊တဘောင်တွေကိယုံကြည်ကြတဲ့ထိုင်းလူမျိုးတွေကတော့

ဒီတိုက်ဆိုင်မှူုဟာတယ်ရိုအသင်းအောင်မြင်မယ့်နိမိတ်ပဲလို့

ယူဆနေကြပါတယ်။ကွင်းဝန်ထမ်းလေးအောင်သူဟာ

မနေ့ကဘောလုံးစတားအောင်သူနဲ့အတူအလုပ်သစ်ကို

စလုပ်ခဲ့ပါတယ်။မနေ့ကထိုင်းမီဒီယာတွေနဲ့အတူ

ဘောလုံးစတားအောင်သူအင်တာဗျူးလုပ်ခဲ့တာကို

သူအောင်မြင်စွာဘာသာပြန်ပေးခဲ့ပါတယ်။သူဟာ

ဘောလုံးစတားအောင်သူရဲ့ကွင်းတွင်းကွင်းပြင်ဆက်သွယ်

ရေးကိစ္စရပ်တွေမှာအကူအညီပေးသွားမယ်လို့သိရပါတယ်။

Source-Tero

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။