မြန်မာဘောလုံးစတားနှစ်ယောက်ဖြစ်တဲ့အောင်သူနဲ့

ကျော်ကိုကိုဟာနောက်နှစ်ဘောလုံးရာသီကစပြီး

ချင်ရိုင်းအသင်းမှာကစားတော့မှာပါ။သူတို့နှစ်ယောက်

ထဲမှာအောင်သူအနေနဲ့တယ်ရိုအသင်းမှာပွဲထွက်ခွင့်ရဖို့မခက်ခဲပေမယ့်နိုင်ငံခြားတိုက်စစ်မှူးကောင်းတွေပေါများတဲ့

ချင်ရိုင်းမှာကျော်ကိုကိုအနေနဲ့ပွဲထွက်ခွင့်ရဖို့ရုန်းကန်ရမယ်လို့

သုံးသပ်နေကြပါတယ်။ချင်ရိုင်းဟာထိုင်းပရီးမီးယားလိဂ်မှာ

ငွေကြေးအင်အားအတောင့်တင်းဆုံးအသင်းပါ။

ကျော်ကိုကိာအနေနဲ့ဒီအမြင်တွေကိုငြင်းပယ်ခဲ့ပြီး

သူအနေနဲ့ထိုင်းကိုသွားတာအရံခုံမှာထိုင်ဖို့မဟုတ်ဘူး

လို့ပြောပါတယ်။ကျော်ကိုကိုဟာဇေယျာရွှေမြေ၊

ရန်ကုန်ယူနိုက်တက်စတဲ့ကလပ်အသင်းတွေမှာ

မရှိမဖြစ်ကစားသမားအဖြစ်ကစားခဲ့သူဖြစ်ပြီး

ချင်ရိုင်းအသင်းမှာလည်းline-upဝင်ဖို့ကြိုးစား

သွားမယ်လို့သူကပြောပါတယ်။ချင်ရိုင်းအသင်းကလည်း

ကျော်ကိုကိုကိုယုံကြည်မှုအပြည့်ပေးထားပြီးကျောနံပတ်

9ဂျာစီကိုပေးထားတယ်လို့သိရပါတယ်။

ကျော်ကိုကိုထိုင်းကိုထွက်ကစားတာဟာနောက်

တက်လာမယ့်လူငယ်တွေကိုလမ်းဖောက်ပေးချင်လို့

လို့ဆိုပါတယ်။ကျော်ကိုကိုဟာအောင်သူနဲ့အတူ

ထိုင်းလိဂ်မှာခြေစွမ်းပြနိုင်အောင်ကြိုးစားသွားမယ်လို့

လည်းကတိပေးခဲ့ပါတယ်။ကျော်ကိုကိုနဲ့ချင်ရိုင်းအသင်း

ဟာတစ်ရာသီသာစာချုပ်ချုပ်ထားပါတယ်။စာချုပ်

သက်တမ်းပြည့်သွားရင်ချင်ရိုင်းထက်ပိုကောင်းတဲ့

ကလပ်တွေဆီကျော်ကိုကိုကသွားချင်တယ်လို့ပြောပါတယ်။

အမြဲတမ်းကြိုးစားနေတတ်တဲ့တိုက်စစ်မှူးကြီး

ကျော်ကိုကိုချင်ရိုင်းမှာအောင်သပြေပန်းကိုဆွတ်ခူးနိုင်ပါစေ

လို့ဆုတောင်းပေးလိုက်ပါတယ်....

Source-Euro Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။