မန်ယူအသင်းရဲ့ ကစားသမား ဒီလေးဘလိုင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာဖို့များနေတာလည်းဖြစ်ပါတယ်။မန်ယူအသင်းနည်းပြ မော်ရင်ဟို လက်ထက် မှာ ပွဲထွက်ခွင့်ဆုံရှုံးနေတာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် ဘလိုင်း ကို ခေါ်ယူဖို့အတွက် အသင်းအများစု စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ဘလိုင်းအတွက် ကမ်းလှမ်းမှုတွေ တွေ့မြင်ရတော့မှာလည်းဖြစ်ပါတယ်။

လက်ရှိမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်တချိူ့ရှိနေတာလည်းဖြစ်ပါတယ်။ဖီနာဘာချီ၊ အင်တာမီလန် နဲ့ ဘာစီလိုနာအသင်း တို့ပဲ ဖြစ်ပါတယ်။ဖီနာဘာချီနည်းပြ ကတော့ ဒီလေဘလိုင်းကို ခေါ်ယူဖို့အတွက် အသင်းထံတောင်းဆိုထားတာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းကတော့ နောက်တန်းဖြည့်တင်းဖို့အတွက် စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းကတော့ မာရှေယာနို အသင်းကနေထွက်ခွာမှာဖြစ်ပြီး နောက်တန်းကစားသမားအချို့ ဒဏ်ရာပြသာနာတွေရှိနေတာကြောင့် ဒီလေးဘလိုင်း ကို ခေါ်ယူရန် စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။

ဘလိုင်းဟာ မန်ယူအသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေတာလည်းဖြစ်ပါတယ်။အသင်းမှာ နေရာမရရှိတာကြောင့် ပုံမှန်နေရာအတွက် ဘယ်အသင်းကို ရွေးချယ်သွားမလဲဆိုတာ လည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။တူရကီကလပ် ဖီနာဘာချီ အသင်းကတော့ ဆောင်းရာသီအပြောင်းအရွှေ့မှာ လက်ဦးမှုရယူပြီး ဘလိုင်းကို ခေါ်ယူဖို့ ပြင်ဆင်နေခဲ့တာလည်းဖြစ်ပါတယ်။ဘလိုင်း ကတော့ ဘယ်အသင်းကို ရောက်သွားမှာလဲ။

source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။