မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းရဲ့ ကစားသမား ဆန်းချက်ကို လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ အလွတ်ခေါ်ယူရန် စီစဉ်နေတာလည်းဖြစ်ပါတယ်။ဆန်းချက် ဟာ အာဆင်နယ်အသင်းနဲ့ ယခုနှစ်ဘောလုံးရာသီပြီးဆုံးရင် စာချူပ်သက်တမ်းကုန်ဆုံးမှာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် အာဆင်နယ်အသင်းဟာ ဆန်းချက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ရှိနေတာလည်းဖြစ်ပါတယ်။PSG အသင်းကလည်း အလွတ်ခေါ်ယူရန် စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။

ဆန်းချက်ဟာ အာဆင်နယ်အသင်းနဲ့ စာချူပ်သက်တမ်းတိုးဖိုအဆင်မပြေဖြစ်နေတာလည်းဖြစ်ပါတယ်။တောင်းဆိုထားတဲ့ လစာပမာဏကို အာဆင်နယ်အသင်းက ပေးချေလိုခြင်းမရှိတာကြောင့် စာချူပ်သက်တမ်းဟာ ညှိနိူင်းမရသေးတာလည်းဖြစ်ပါတယ်။ဒါကြောင့် မန်စီးတီးအသင်းဟာ ဆန်းချက်ကို လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ တပတ်လုပ်ခ ပေါင် ၄၀၀.၀၀၀ ကို ပေးပြီး အလွတ်ခေါ်ယူဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ 

ဆန်းချက်ကို တရုတ်ကလပ်တစ်ခု က ခေါ်ယူရန် ကမ်းလှမ်းခဲ့ပေမဲ့ ကစားသမားကိုယ်တိုင်က ငြင်းပယ်ထားတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့ လက်ကျန် အချိန်တွေမှာ ဆန်းချက်ကို စာချူပ်သက်တမ်းတိုးဖို့အတွက် ဆက်လက်ကြိုးစားသွားအုံးမလားဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။စာချူပ်သက်တမ်းမတိုးနိုင်ခဲ့ရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာလည်းဖြစ်ပါတယ်။ 

source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။