ရွှေကြယ်ကို လှူဒါန်းလိုက်တဲ့ နေတိုး

လက်ရှိ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ အကယ်ဒမီ နေတိုးဟာ အနုပညာသားတိုင်း တန်ဖိုးထားမြတ်နိုးရတဲ့ အကယ်ဒမီ ရွှေကြယ်လေးကို ပုဂံအလိုတော်ပြည့်ဘုရားကြီး ရွှေထီးတော်အတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ စေတီပုထိုးများစွာရှိတဲ့ ပုဂံမြေဟာ ငလျင်ဒဏ်ခံခဲ့ရပြီးနောက် ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိပြီး အနုပညာရှင်များကလည်း အားတက်သရောလှူဒါန်းနေတာ တွေ့ရလို့ ဝမ်းသာ သာဓုခေါ်ပါတယ် ပရိသတ်ကြီးရေ……

အကယ်ဒမီနေတိုးက သူ့ရဲ့ လှူဒါန်းမှုနဲ့ ပတ်သတ်ပြီးတော့ "ကျွန်တော်ချစ်သော ကျွန်တော်ကိုချစ်ကြသော ပရိသတ်များရဲ့ရင်ခုန်သံတွေတည်ရှိရာ (မိုးညအိမ်မက်မြူ) ရုပ်ရှင်ရဲ့

ရွှေကြယ် ၂ကျပ်သားအား ပုဂံ ညောင်ဦး အလိုတော်ပြည့်ရွှေထီးတော်တင်လှူပူဇော်မည့်အခမ်းအနားတွင် သွားရောက်လှူဒါန်းခဲ့ပါသည် ပရိသတ်များအားလုံး အမျှရ၍သာဓုခေါ်ဆိုနိုင်ကြပါစေ…" ဆိုပြီး သူ့ရဲ့ Fan Page မှာရေးသားဖော်ပြခဲ့ပါတယ်။

သာဓု သာဓု သာဓုပါ ကိုနေတိုးရေ……

Source: Nay Toe: Myanmar Famous Actor

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။