မြန်မာနေရှင်နယ်လိဂ်ရဲ့အင်အားကြီးအသင်းတစ်သင်း

ဖြစ်တဲ့ရတနာပုံFCဟာလာမယ့်MPT MNL2018

ဘောလုံးရာသီကိုပြည်တွင်းဖြစ်တွေနဲ့သာယှဉ်ပြိုင်သွား

မယ်လို့သိရပါတယ်။ရတနာပုံအသင်းရဲ့မန်နေဂျာတစ်ဦး

ဖြစ်တဲ့ရတနာပုံကစားသမားဟောင်းကိုအောင်ကျော်မိုးက

အဆိုပါသတင်းကိုအတည်ပြုခဲ့ပါတယ်။ဒီနှစ်ဘောလုံးရာသီမှာ

MNLချန်ပီယံဆုကိုလက်လွတ်လိုက်ရပြီးနောက်ရာသီကြို

ပြင်ဆင်မှုကြီးကြီးမားမားမလုပ်ထားမှုအပေါ်တော့ပရိသတ်

တွေအနေနဲ့အားမလိုအားမရဖြစ်နေတယ်လို့သိရပါတယ်။

ရတနာပုံဟာပြည်တွင်းကစားသမားတွေနဲ့ယှဉ်ပြိုင်ရုံသာမက

နည်းပြချုပ်နေရာကိုလည်းပြည်တွင်းနည်းပြနဲ့သာယှဉ်

ပြိုင်သွားမယ်လို့သိရပါတယ်။ဒီနှစ်ဘောလုံးရာသီမှာ

ရတနာပုံကိုကိုင်တွယ်ခဲ့တဲ့ဘယ်ဂျီယံနည်းပြ

မစ္စတာရီနီနဲ့လောလောလတ်လတ်ပဲလမ်းခွဲထားပါတယ်။

လက်ရှိမှာရတနာပုံနည်းပြအဖြစ်ဘယ်သူဖြစ်မလဲ

ဆိုတာသတင်းမထုတ်ပြန်သေးပေမယ့်မကြာခင်မှာတော့

အသင်းကတရားဝင်သတင်းထုတ်ပြန်သွားမယ်လို့သိရပါတယ်။

ရတနာပုံအနေနဲ့အသင်းရဲ့အဓိကIconကစားသမား

အောင်သူထွက်ခွာသွားတဲ့နောက်သူ့နေရာမှာယူ-18

တိုက်စစ်မှူးဝင်းနိုင်ထွန်းကိုအစားထိုးခေါ်ယူထားပါတယ်။

မြန်မာယူ-23အသင်းခေါင်းဆောင်ရတနာပုံအသင်းသား

စည်သူအောင်ရဲ့ထိုင်းလိဂ်အပြောင်းအရွှေ ့ဇာတ်လမ်းတွေ

ကြားနေရပေမယ့်ရတနာပုံဘက်ကတော့အဆိုပါသတင်း

တွေကိုငြင်းဆန်ထားတာတွေ့ရပါတယ်။မကြာသေးခင်က

ရတနာပုံဟာပထမဆုံးရာသီကြိုခြေစမ်းပွဲအဖြစ်မကွေး

အသင်းနဲ့ခြေစမ်းကစားခဲ့ပြီးလေးဂိုးနှစ်ဂိုးနဲ့အနိုင်ရခဲ့တာတွေ့

ရပါတယ်။

Source-YDNB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။