မော်လ်ဒယ် သရုပ်ဆောင် မင်းသားချောလေး အောင်လေးကတော့ အကူအညီလိုအပ်နေတဲ့ အဖွားအို တစ်ဦးကို အစစအရာရာ အားလုံး အကူအညီပေးခဲ့တယ်လို့ သိရပါတယ်..။

အကူအညီလိုနေတဲ့ အဖွားအတွက် ငွေကြေးအပြင် ဆန်၊ ဆီ၊ ဆား အပါအဝင် ကြက်ဥ၊ ကြက်သွန်နဲ့ အနွေးထည်တို့ပါ ဝယ်ပေးပြီး အညာကို ပြန်မယ့် အထိလည်း လိုက်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်..။

အဖွားရဲ့ လက်ရှိကျန်းမာရေးကြောင့် ဆေးခန်းကို ပို့ပေးချင်ပေမယ့် ဆေးကုသမှု မခံယူချင်ဘဲ အညာက အမျိုးတွေဆီပြန်ပြီး အမျိုးတွေဆီမှာပဲ ခေါင်းချချင်တယ်လို့ ဆိုတဲ့အတွက်ကြောင့် အဖွားရဲ့ ဆန္ဒကို လိုက်လျောပြီး ဆေးခန်းသွားဖို့ကို လက်လျှော့ခဲ့ရတယ်လို့ ဆိုပါတယ်..။

အဖွားကို ကူညီပေးခဲ့တဲ့အကြောင်းနဲ့ အဖွားရဲ့ အကြောင်းကိုလည်း အောင်လေးက သူအသုံးပြုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းများ၊ အနုပညာရှင်များနှင့် ပရိသတ်တွေကလည်း သူ့ရဲ့ မွန်မြတ်တဲ့ အလှူဒါနလေးနဲ့ ကောင်းမွန်တဲ့ စိတ်ထားလေးကို ဝိုင်းဝန်း ချီးကျူး သာဓု ခေါ်ဆိုထားကြတာလည်း တွေ့ရပါတယ်..။

အောင်လေးက သူ့အနေနဲ့လည်း သူလုပ်ခဲ့တဲ့ အလှူတော်တော်များများကို ဖေ့စ်ဘွတ်ပေါ် ရေးသား တင်လေ့မရှိပေမယ့် အခုကိစ္စကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ရတာဟာ ပေါ်ပင်ဖြစ်ချင်လို့ မဟုတ်သလို နာမည်ကြီးချင်လို့လည်း မဟုတ်ဘဲ အဖွားအတွက် အလှူရှင်များ ပေါ်လာဖို့အတွက်နဲ့ အားလုံး သာဓုခေါ်နိုင်ဖို့အတွက် တင်ရတာဖြစ်တယ်လို့ ဆိုပါတယ်..။

မော်လ်ဒယ် မင်းသားချောလေး အောင်လေးဟာ မိန်းကလေး ပရိသတ် အများဆုံး ရရှိထားပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုလည်း အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်..။

မော်လ်ဒယ် သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာပြီး အခုနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကာ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။

အောင်လေးက သူ့ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း သူအသုံးပြုတဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှ တစ်ဆင့် ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိတာကိုလည်း တွေ့ရပါတယ်..။

Source - အောင်လေး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။