AFC Cupမှာနိုင်ငံကိုယ်စားပြုအဖြစ်ယှဉ်ပြိုင်မယ့်

ရန်ကုန်ယူနိုက်တက်ဟာပြင်ဆင်မှုတွေအကြီးအကျယ်

ပြုလုပ်နေပါတယ်။ရှိရှင်းစွဲနိုင်ငံခြားသားကစားသမား

တွေထဲကနောက်ခံလူမွန်ကွီးကိုကိုသာစာချုပ်သက်တမ်း

တိုးထားပြီးအလယ်တန်းလူအီမာဆင်နဲ့ဆီဆာတို့ကို

စာချုပ်သက်တမ်းထပ်မတိုးတော့ပါဘူး။ရန်ကုန်အနေနဲ့

အသင်းရဲ့အဓိကတိုက်စစ်မှူးကျော်ကိုကိုပါထွက်သွားလို့

တိုက်စစ်အားနည်းနေပါတယ်။

ကျော်ကိုကို၊ဆီဆာမရှိတော့တဲ့ရန်ကုန်တိုက်စစ်မှာ

အရံတိုက်စစ်မှူးသန်းပိုင်ကလည်းနာမကျန်းဖြစ်နေပါတယ်။

အဲ့လိုအချိန်မှာရန်ကုန်ကခေါ်ယူလိုက်တဲ့တိုက်စစ်မှူး

အသစ်ကဆယ်လာပါ။ဆယ်လာကိုခေါ်ယူခဲ့မှုနဲ့

ပတ်သက်ပြီးရန်ကုန်ပရိသတ်တွေအနေနဲ့အတော်ဝေ

ဖန်နေကြတာကိုတွေ့ရပါတယ်။ဂီနီနိုင်ငံသားဆယ်လာဟာ

ယခင်ကမကွေးအသင်းမှာကစားခဲ့တဲ့တိုက်စစ်မှူး

တစ်ယောက်ပါ။မကွေးမှာသုံးနှစ်လောက်ကစားပြီး

ဖိလစ်ပိုင်ကလပ်ဂလိုဘယ်စီဘူးကိုရာသီဝက်ခန့်ပြောင်းကစား

ခဲ့ပါတယ်။

ဖိလစ်ပိုင်ကနေမှရန်ကုန်အသင်းကိုပြန်ပြောင်းလာတဲ့

ဆယ်လာခြေစွမ်းခြေစရှိပေမယ့်ရန်ကုန်ပရိသတ်တွေ

မကြိုက်တာကသူဟာ2016ဗိုလ်ချုပ်ဒိုင်းဗိုလ်လုပွဲမှာ

ရန်ကုန်ပရိသတ်တွေနဲ့ပြသနာတက်ထားလို့ပါ။

မကွေးနဲ့ရန်ကုန်ဗိုလ်လုခဲ့တဲ့အဆိုပါပွဲမှာဆယ်လာဟာ

ရန်ကုန်ပရိသတ်တွေကိုမလျှော်ကန်တဲ့အပြုအမူတွေ

ပြုလုပ်ခဲ့ပြီးMFFရဲ့ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရဖူးပါတယ်။

ဒါ့အပြင်ဆယ်လာဟာAFC Cupအတွက်သင့်တော်တဲ့

ကစားသမားမဟုတိဘူးလို့ရန်ကုန်ပရိသတ်တွေက

ယူဆနေကြပါတယ်။ပရိသတ်တွေရဲ့အမြင်ကို

ဆယ်လာတစ်ယောက်သူ့ရဲ့သွင်းဂိုးတွေနဲ့ချေဖျက်ပြမလား

ဆိုတာတော့..

Source-YUFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။