ဒီဇင်ဘာလအတွက်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေ

ထုံးစံအတိုင်းထွက်ရှိလာပါပြီ။နှစ်တစ်နှစ်ကုန်ဆုံးတော့မယ့်

ဒီဇင်ဘာမှာအာဆီယံနံပတ်တစ်အဖြစ်အချိန်ကြာမြင့်စွာ

ရပ်တည်နေခဲ့တဲ့ဖိလစ်ပိုင်အသင်းဟာဒုတိယနေရာကို

ဆင်းပေးလိုက်ရပါတယ်။ဖိလစ်ပိုင်နေရာကိုဆက်ခံသူကတော့

ခြေစစ်ပွဲတွေ၊ခြေစမ်းပွဲတွေမှာရလဒ်ကောင်းတွေရယူနေတဲ့

ဗီယက်နမ်ပါ။

တတိယနေရာမှာတော့အာဆီယံဘောလုံးဘုရင်ထိုင်း

ကရပ်တည်နေပါတယ်။စတုတ္ထနေရာမှာတော့မြန်မာအသင်း

ကရပ်တည်နေပါတယ်။မြန်မာအသင်းဟာ

အရင်လကထက်အဆင့်ဆယ်ဆင့်တက်လာခဲ့တာလည်းတွေ့ရ

ပါတယ်။အာဆီယံကြီးလေးကြီးဖြစ်တဲ့ဗီယက်နမ်၊ဖိလစ်ပိုင်၊

ထိုင်း၊မြန်မာတို့အစဉ်လိုက်ရပ်တည်နေခဲ့တာကိုတွေ့ရပါတယ်။

မြန်မာရဲ့အောက်မှာတော့အင်ဒိုနီးရှားနဲ့စင်ကာပူတို့

ရပ်တည်နေပါတယ်။

စင်ကာပူရဲ့အောက်မှာတော့ကမ္ဘောဒီးယားကမလေးရှားကို

အံအားစင့်ဖွယ်ကျော်ဖြတ်ပြီးရပ်တည်နေနိုင်ပါတယ်။

မလေးရှားရဲ့အောက်မှာတော့ာအို၊ဘရူနိုင်းနဲ့၊တီမောတို့က

အစဉ်လိုက်ရပ်တည်နေကြပါတယ်။နှစ်တစ်နှစ်ပြီးဆုံးသွားချိန်မှာတော့မြန်မာအသင်းဟာအာဆီယြံ

ကြီးလေးကြီးထဲရပ်တည်နိုင်ခဲ့ပြီးကမ္ဘာ့အဆင့်140မှာရပ်တည်

နိုင်ခဲ့တာတွေ့ရပါတယ်။

Source-FIFA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။