ကဲဘာလိုလိုနဲ့ဗီယက်နမ်သတင်းစာဖိတ်ခေါ်ဖလား

ပြိုင်ပွဲကြီးပတ်စာခွာဖျာသိမ်းချိန်တော့ရောက်ခဲ့ပြန်ပါပြီ။

ဦးကြည်လွင်ခေါင်းဆောင်တဲ့မြန်မာယူ-21အသင်း

ဟာလည်းရှေးမြန်မာအသင်းတွေလိုပဲဗီယက်နမ်မြေမှာ

ရလဒ်မကောင်းတဲ့အစဉ်အလာကိုဆက်ထိန်းသွားတယ်

ပြောရမှာပါပဲ။အစဉ်အလာအရတတိယနေရာလုပွဲကိုလည်း

ဆက်ကစားရတယ်ဆိုပါစို.။တတိယနေရာလုပွဲမှာ

မြန်မာနဲ့တွေ့မှာကရာဇဝင်ပြိုင်ဘက်ကြီးထိုင်း။

တတိယလုပွဲမတိုင်ခင်ကမြန်မာတို့ထိုင်းတို့နဲ့တွေ့ပြီးပါပြီ။

အာလုံးသိကြတဲ့အတိုင်းဟိန်းထက်အောင်ရဲ့ဂိုးနဲ့အနိုင်ယူ

ပြခဲ့ပါတယ်။ယခုတစ်ခေါက်တွေ့ဆုံတွင်ရောဘယ်လို

ရလဒ်တွေထွက်လာမလဲ။အဆိုပါပွဲတွင်ထိုင်းတို့ရဲ့ဗျူဟာကို

ဦးကြည်လွင်ကစနစ်ကျသောခံစစ်၊လျင်မြန်ထိရောက်တဲ့

ကောင်တာကစားဟန်နဲ့အနိုင်ယူပြခဲ့ပါတယ်။သို့သော်

ယနေ့ညနေတွေ့ဆုံမှုတွင်တော့ရှုံးချက်နာခဲ့တဲ့ထိုင်းတို့

အမှားတွေကိုပြုပြင်ပြီးမြန်မာတို့ကိုရှုံးကြွေးပြန်ဆပ်ဖို့

အသေအချာပြင်ဆင်လာမည်မှာသေချာပါတယ်။

မြန်မာတို့အဖို့လည်းလက်ဗလာနဲ့အိမ်မပြန်ရအောင်

အစွမ်းကုန်ကြိုးစားဖို့လိုပါတယ်။မြန်မာတို့အသာရ

နေတဲ့အချက်ကထိုင်းအသင်းထက်စာရင်နားရက်

ပိုရထားခြင်းပဲဖြစ်ပါတယ်။နားရက်ပိုရထားတဲ့အတွက်

မြန်မာကစားသမားတွေအင်ပြည့်အားပြည့်နဲ့ထိုင်း

ကိုရင်ဆိုင်နိုင်မှာအမှန်ပါ။ပထမတစ်ခေါက်လည်း

တွေ့ဆုံပြီးသားဖြစ်လို့တစ်ယောက်ခြေတစ်ယောက်

သိနေတဲ့ဒီနှစ်သင်းဘယ်သူအနိုင်ရပြီးတတိယဆုကို

ရယူသွားနိုင်မလဲဆိုတာတော့ဒီနေ့ညနေမြန်မာ

စံတော်ချိန်(3:30)နာရီမှာစောင့်ကြည့်ကြပါစို့..

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။