ကျော်ထက်အောင်ကိုတော့ ပရိသတ်ကြီးနဲ့ အထူးတလည်မိတ်ဆက်ပေးစရာလိုမယ် မထင်ပါဘူးနော်။ Myanmar Idol တတိယရာသီပွဲအတွက် စီစဉ်နေတဲ့ ကျော်ထက်အောင်ဟာ လက်တလော ခရီးသွားနေတာကိုတွေ့ရပါတယ်။ အရင်က ကင်မရာတစ်လုံးနဲ့ ဓာတ်ပုံဆရာတစ်ယောက် ပုံကနေ အခုပြောင်းလဲသွားပါပြီ။

ကျော်ထက်အောင်ကတော့ လက်တလော အနုပညာအလုပ်တွေကို အဓိကလုပ်ဆောင်နေပေမယ့် အမြဲအလှဓာတ်ပုံတွေ ရိုက်လေ့ရှိပါတယ်။ ပရိသတ်ကြီးလည်း ကျော်ထက်အောင်ရဲ့ ဓာတ်ပုံတွေကို မကြာခနတွေ့မြင်ကြမှာပါ။ အခုလည်း ကျော်ထက်အောင်ကတော့ မတူညီတဲ့ ပုံစံမျိုးနဲ့ ဓာတ်ပုံတွေတင်ခဲ့ပါတယ်။ "ဖေ့သားမောင် မြင်းလုံးကြီး ခွာမြှောက်ကာလေးဘက်ကြွကြွပြေးထွက်ခဲ့ပြီနော် ပျော်ပါရဲ့လားချစ်ဖော်...."ဟု၍ ချစ်စရာမြင်းကြီးစီးကာ စကားလုံးလှလှလေးတွေ သုံးနှုန်းထားတာတွေ့ရပါတယ်။

ပရိသတ်ချစ်တော် ကျော်ထက်အောင်ကတော့ အမြဲပုံစံမျိုးစုံနဲ့ ပရိသတ်ကို အဆက်သွယ်ရှိနေတုန်းပါပဲ။ ပရိသတ်ကြီးရော ကျော်ထက်အောင်နဲ့အတူ မြင်းစီးချင်ကြလား....။ ချစ်ပရိသတ်ကြီးကို ကျော်ထက်အောင်၏ ဓာတ်ပုံအလန်းလေးတွေနဲ့ မျှဝေပေးလိုက်ပါတယ်။

Source - Kyaw Htet Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။