ယနေ့ည ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ လီဗာပူလ်းအသင်းကို ဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းဟာ ပွဲစဉ် ၁၈ ပွဲကစားပြီးချိန်မှာ ရမှတ် ၃၄ ရရှိထားကာ အဆင့် ၄ နေရာမှာ ရှိနေတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့ ရမှတ် ၃၃ မှတ်ရရှိထားကာ အဆင့် ၅ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။၁ မှတ်သာ ကွာဟနေတာကြောင့် နိုင်တဲ့အသင်းကတော့ အဆင့် ၄ နေရာကို ရောက်ရှိမှာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၃ ပွဲနိုင် ၂ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းရဲ့ နောက်ဆုံးငါးပွဲ ရလဒ်မှာလည်း ၃ ပွဲနိုင် ၂ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့ လီဗာပူလ်းအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့နောက်ဆုံးငါးပွဲရလဒ်မှာတော့ လီဗာပူလ်းအသင်းက ၃ ပွဲနိုင်ထားခဲ့ပြီး ၂ ပွဲသရေ ကျထားတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ လာကာဇတ်၊ အီဝိုဘီ၊ အိုဇေလ်း၊ ဆန်းချက်၊ ဝီရ်ှီုင်းယား၊ ဇာခါ တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဆာလက်၊ မာနေး၊ ဖာမီနို၊ အမ်မရီကန်၊ ဟန်ဒါဆန် ၊ ကော်တင်ဟို တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။အသင်းကြီးတွေထိပ်တိုက်တွေ့ဆုံနေတဲ့ ဆောင်းရာသီပွဲကျပ်ကာလကတော့ ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပွဲတွေမှာ အသာရရှိနေတဲ့ လီဗာပူလ်းအသင်းက အနိုင်သုံးမှတ်ကိုရယူသွားနိုင်မလား၊ အိမ်ကွင်းအားသာချက်ရှိနေတဲ့ အာဆင်နယ်အသင်းကပဲ နိုင်ပွဲရယူသွားနိုင်မလားဆိုတာတော့ ဒီညမှာ အဖြေပေါ်မှာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။