မြန်မာဝတ်စုံလေးများနဲ့ ပရိသတ်ရင်ထဲနေရာဝင်လာသူတစ်ဦးကတေ့ာ ဧငြိမ်းဖြူလို့ခေါ်တဲ့ မင်းသမီးလေးပါပဲ။ ဘိုမရုပ်လေးလို ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိကာ ရှေးခေတ် ကတ်ဆက် ခွေ ဇာတ်လမ်းတွဲများကို နောက်ခံအသံပြောနဲ့ အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်သူတစ်ဦးပါ။ ခရီးသွားရာသီဆိုတဲ့ အတိုင်း ချမ်းအေးပြီး လှပတဲ့ ဒီရာသီလေးမှာ တော်တော်များများက ခရီးတွေ ထွက်နေကြပါတယ်။ ဒီအထဲမှာ ပရိသတ်ကြီးချစ်တဲ့ ဧငြိမ်းဖြူလဲ ပါဝင်ပါတယ်။ ဘယ်လို တွေတောင်ချစ်ဖို့ကောင်းနေလဲဆိုတာ ကြည့်ကြည့်လိုက်ပါအုံး

သူမရဲ့ အချစ်ရေးကတော့ ပရိသတ်ကြီးသိထားပြီးတဲ့အတိုင်း အဆိုတော် ရဲရင့်အောင်နဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ ချစ်သူဘဝကို ပိုင်ဆိုင်ထားပါတယ်။ လမ်းမတော် တန်ဆောင်တိုင်ပွဲဈေးမှာ နှစ်ယောက်အတူ ထိုင်းချဉ်စပ်ခေါက်ဆွဲကြော်နဲ့ အအေးရောင်းချခဲ့တဲ့ ပုံလေးတွေကတော့ ချစ်ဖို့ အကောင်းဆုံးပါပဲ ။ ရဲရင့်အောင်ကတော့ သူမကို အချိန်တိုင်း သဝန်တိုနေတယ်လို့လဲ ဆိုပါတယ်။ သဝန်တိုလောက်အောင်ကို သူမက လှနေတာမို့ပါ။

မကြာခင်မှာတော့ ဒါရိုက်တာဝိုင်းနဲ့အတူ တွဲပြီး ရုပ်ရှင်ကားများရိုက်ကူးသွားဖို့လဲ ရှိတယ်လို့ဆိုပါတယ်။ မြန်မာဝတ်စုံလေးနဲ့လည်း လိုက်ဖက်ညီပြီး အမိုက်စားဖက်ရှင် တွေနဲ့လည်း စမတ်ကျကာ ကြည့်ကောင်းနေ သူတစ်ယောက်ပါပဲ။ ဒါကတော့ ပရိသတ် ကြီးချစ်တဲ့ ဧငြိမ်းဖြူအကြောင်းပါပဲ။

Source – A Nyein Phyu FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။