အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်မှာ အသင်းကြီးတွေကို ကောင်းစွာဖိအားပေးနိုင်တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ လက်ရှိအဆင့် ၉ အနေရာရပ်တည်နေပြီး အဆင့် ၈ လက်စတာစီးတီးအသင်းနဲ့ တစ်မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ ပွဲစဉ် ၁၉ ဒီဇင်ဘာ ၂၃ မှာ ချယ်ဆီး အသင်းနဲ့ အိမ်ကွင်းမှာကစားသွားမှာဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ ဒီဇင်ဘာခရစ္စမတ်အားလပ်ရက်အနေနဲ့ နည်းပြကြီး Sam Allardyce အပါအဝင် အပြင်သွားခဲ့ပါတယ်။ အဲဗာတန်အသင်းအလည်အပတ်သွားခဲ့တဲ့နေရာကတော့ တခြားမဟုပ်ပါဘူး Alder Hey ကလေးဆေးရုံပဲဖြစ်ပါတယ်။ ဒီဇင်ဘာအားလပ်ရက်မှာ ပရီးမီးယားလိဂ်အသင်း အသင်းကြီးများဖြစ်ကြတဲ့ အာဆင်နယ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ကလည်းအသီးသီး သွားခဲ့ကြပါတယ်။ ယခု အဲဗာတန်အသင်းကလည်း ကလေးဆေးရုံမှာ အသင်းသားတွေ ဆင်တူအင်္ကျီများနဲ့ ပရိသတ်များကိုပျော်ရွှင်စေခဲ့ပါတယ်။ 

အဲဗာတန်အသင်းနည်းပြကြီး Sam Allardyce နှင့်အတူ အသင်းသားများအားလုံးပျော်ပျော်ရွှင်ရွှင် ခရစ္စမတ်အကြိုဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးရေ လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့မှာကစားမယ့် ချယ်ဆီးအသင်းကိုအိမ်ကွင်းမှာ ရလဒ်ကောင်းတွေရဖို့ဆုတောင်းရင်း အဲဗာတန်အသင်းရဲ့ ပျော်ရွှင်စရာဓာတ်ပုံများနဲ့ အတူ မျှဝေပေးလိုက်ပါတယ်။

Source - DM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။