စနေနေ့ည ၉ နာရီ ခွဲမှာ ယှဉ်ပြိုင်ကစားကြမဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ရှုံးပွဲမရှိကစားထားခဲ့ပြီး ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ဒါ့အပြင် မန်စီးတီးအသင်းဟာ ၁၆ ပွဲဆက် အနိုင်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ရလဒ်တွေဆိုးဝါးနေတဲ့ ဘုန်းမောက်အသင်းကတော့ အဆင့် ၁၆ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၄ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဘုန်းမောက်အသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၃ ပွဲရံှူး ၂ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းနဲ့ ဘုန်းမောက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ မန်စီးတီးအသင်းကပဲ ငါးပွဲလုံးအနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။လက်ရှိမန်စီးတီးအသင်းရဲ့ တိုက်စစ်ကိုလည်း ဘုန်းမောက်အသင်းထိန်းချူပ်ဖို့ ခက်ခဲမှာ အသေအချာပါပဲ။

မန်စီးတီးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ စတာလင်း၊ ဆာနေး၊ ဂျီဆပ်၊ ဒီဘရိုင်း၊ ဂန်ဒိုဂမ်၊ ဖာနန်ဒင်ဟို တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဘုန်းမောက်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဒီဖိုး၊ အာသာ၊ အိုက်စ်၊ ဂေါစလင်း၊ ဆာမန်း ၊ ဝီဆင် တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကတော့ ရလဒ်တွေဆိုးဝါးနေတဲ့ ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ အနိုင်ရယူသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။၁၇ ပွဲဆက် နိုင်ပွဲရယူသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမယ်ဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။