ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှုး ဘင်ဇီမာနေရာကိုအစားထိုးဖို့ တိုက်စစ်မှုးတစ်ယောက် ကို ခေါ်ယူရန် ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပစ်မှတ်ထားတဲ့ တိုက်စစ်မှုးတစ်ယောက်ကတော့ လိုက်ဇစ် အသင်းရဲ့ ကစားသမား တီမိုဝါနာ ပဲဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်နေရာအတွက် ရေရှည်အစားထိုးဖို့ အံအားသင့်ဖွယ် ပစ်မှတ်ထားလာခဲ့တာလည်းဖြစ်ပါတယ်။ 

တီမိုဝါနာကို ခေါ်ယူရန်အတွက် လီဗာပူလ်းအသင်းကလည်းစောင့်ကြည့်နေတာဖြစ်ပါတယ်။ဒါ့ကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လီဗာပူလ်းအသင်းတို့ဟာ တီမိုဝါနာကို ခေါ်ယူရန် အပြိုင်ကြိုးပမ်းရမှာလည်းဖြစ်ပါတယ်။လိုက်ဇစ်အသင်းကတော့ တီမိုဝါနာကို လက်လွှတ်ဖို့ ဆန္ဒမရှိတာကြောင့် ခေါ်ယူဖို့ အနည်းငယ်ခက်ခဲမှာလည်းဖြစ်ပါတယ်။လိုက်ဇစ်အသင်းဟာ သူတို့အသင်းရဲ့ ကွင်းလယ်ကစားသမား ကီတာကို လီဗာပူလ်းအသင်းထံလက်လွှတ်ဖို့ သဘောတူညီထားတာကြောင့် နောက်ထပ်ကစားသမားတွေကို လက်လွှတ်ဖို့ ဆန္ဒမရှိသေးတာလည်းဖြစ်ပါတယ်။ 

တီမိုဝါနာ ဟာ လိုက်ဇစ်အသင်းမှာ ခြေစွမ်းပြ ဂိုးသွင်းယူနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ဒါ့အပြင် ဂျာမနီလက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရတာဖြစ်ပြီး ဂျာမနီအသင်းအတွက် ဂိုးတွေသွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။တီမိုဝါနာ ဟာ အသက် ၂၁ နှစ်အရွယ်သာရှိသေးတာလည်းဖြစ်ပါတယ်။လိုက်ဇစ်အသင်းမှာ သွင်းဂိုး ၄၇ ဂိုး သွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ 

source - THE SUN Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။