မန်ယူအသင်းရဲ့ နည်းပြ မော်ရင်ဟို ဟာ ဒေါ့မွန်အသင်းရဲ့ကစားသမား ပူလီဆစ် ကို ခေါ်ယူရန် စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။မော်ရင်ဟို ဆောင်းရာသီအပြောင်းအရွှေ့ကာလ မှာပဲ ပူလီဆစ်ကို မန်ယူအသင်းထံ ခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။မော်ရင်ဟို လက်ရှိလူစာရင်းကို အားမရသေးတာပဲ ပြင်ဆင်မှုအချို့ ပြုလုပ်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။အသင်းရှိကစားသမားအချို့ကိုလည်း ဇန်နဝါရီအပြောင်းအရွှေ့မှာ ရောင်းထုတ်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ 

ပူလီဆစ်ဟာ ဒေါ့မွန်အသင်းမှာ ထွန်းတောက်နေတဲ့ လူငယ်ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ကလပ်အသင်းမှာတင်မဟုတ်ပဲ နိုင်ငံအသင်းဖြစ်တဲ့ အမေရိကန်အသင်းမှာလည်း အားထားရတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ပူလီဆစ်ဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးတာလည်းဖြစ်ပါတယ်။သူဟာ အသက် ၁၆ နှစ်ကတည်းက ဒေါ့မွန်အသင်းရဲ့ ပွဲထွက်ကစားသမား ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

ပူလီဆစ်ဟာ တောင်ပံကစားသမားနေရာမှာကစားနိုင်သလို ကွင်းလယ်တိုက်စစ်နေရာမှာလည်း အသုံးပြုနိုင်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။မန်ယူနည်းပြ မော်ရင်ဟိုကတော့ အသင်းရဲ့ တောင်ပံကစားသမားနေရာမှာ ဖြည့်တင်းဖို့အတွက် ပူလီဆစ်ကို မျက်စိကျနေတာလည်းဖြစ်ပါတယ်။ဒါကြောင့် ခုလာမဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။