ကမာရွတ်မြို့နယ်၊ ရထားသံလမ်းပေါ်၌ မိန်းကလေးငယ်တစ်ဦး ဒဏ်ရာများ

ဖြင့်သေဆုံးမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီး

ရဲတပ်ဖွဲ့မှ ၂၄ နာရီအတွင်း ဖမ်းဆီးရမိ

၂၄.၁၁.၂၀၁၆ ရက်နေ့ ၁၉း၂၅ အချိန်တွင် ကမာရွတ်မြို့နယ်၊ (၆)ရပ်ကွက်၊

ဟံသာဝတီဘူတာနှင့် လှည်တန်းဘူတာကြား၊ မိုင်တိုင်အမှတ်(၄/၁၂)

ရထားသံလမ်းပေါ်တွင် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာများဖြင့်

သေဆုံးနေကြောင်းသတင်းအရ ကမာရွတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက

သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ အသက်(၁၀)နှစ်ခန့်ရှိ

မိန်းကလေးငယ်တစ်ဦးမှာ လည်ပင်းပြတ်ရှဒဏ်ရာများ၊ ဦးခေါင်း

ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး

အခင်းဖြစ်နေရာအနီးတွင် လွယ်အိတ်များနှင့် ခဲတံချွန်ခေါက်ဓား

တစ်ချောင်းတို့အားတွေ့ရှိရသဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၆၄၁/၂၀၁၆၊

ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီး

ရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

အမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက စစ်ဆေး

ဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ မီးခွက်စျေး

အောက်ထိပ်နေ မဝင်းဝင်းအေး၊ (၁၀)နှစ်ဖြစ်ပြီး ၎င်း၏မိခင် မဌေး နှင့်အတူ

လှည်းတန်းဂုံးတံတားအောက်တွင် ပန်းရောင်းသည့်အလုပ်လုပ်ကိုင်

ကြောင်းကို မိခင်ဖြစ်သူ၏ပြောဆိုချက်အရ အတည်ပြုသိရှိခဲ့ရပါသည်။

စစ်မေးချက်အရ ၂၄.၁၁.၂၀၁၆ ရက်နေ့တွင် ၎င်းနှင့်သမီးဖြစ်သူတို့

လှည်းတန်းဂုံးတံတားအောက်၌ ပန်းရောင်းနေစဉ် ညီမဖြစ်သူမိဆယ်၏

ခင်ပွန်းဟောင်းဖြစ်သူ ပြာဂလောင်(ခ)ကျော်ကြီးရောက်ရှိလာပြီး

၎င်းတစ်ဦးတည်းပိုက်ဆံတောင်းရမ်းနေသည်မှာ အဆင်မပြေသဖြင့်

သမီးဖြစ်သူအားထည့်ပေးရန်ပြောရာ သမီးဖြစ်သူ မဝင်းဝင်းအေးအား

ထည့်ပေးလိုက်ကြောင်း၊ ၎င်းနောက် ၁၉း၄၅ အချိန်တွင် ပြာဂလောင်(ခ)

ကျော်ကြီးမှာ တစ်ဦးတည်းပြန်လည်ရောက်ရှိလာသဖြင့် သမီးဖြစ်သူအား

မေးမြန်းရာ အရင်ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်းပြောဆိုသော်လည်း

၎င်းမှသမီးဖြစ်သူမှာ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်းပြန်ပြောရာ

ပြာဂလောင်(ခ)ကျော်ကြီးမှ လိုက်ရှာဦးမည်ဟုပြောဆို၍ အင်းယားကန်

ဘောင်ဘက်သို့ထွက်သွားခဲ့ကြောင်း၊ ၎င်းမှလည်း သမီးဖြစ်သူအား

လိုက်လံရှာဖွေစဉ် ရဲတပ်ဖွဲ့ဝင်များမှ မိန်းကလေးငယ်တစ်ဦးသေဆုံး

နေကြောင်း ဓါတ်ပုံအားပြသသဖြင့် ကြည့်ရှုရာမှ သမီးဖြစ်သူမှာ

ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာကြား ရထားသံလမ်းပေါ်တွင်

ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်းသိရှိရပြီး အနီးတွင်လည်း

ပြာဂလောင်(ခ)ကျော်ကြီးလွယ်သွားသော အပြာအဖြူစိမ်းပတ်လည်စင်းပါ

ချည်လွယ်အိတ်အား တွေ့ရှိခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အမှုမှပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးက တပ်ဖွဲ့ဝင်များမှ ၂၅.၁၁.၂၀၁၆

ရက်နေ့ ၁၉၃၀ အချိန်တွင် ၀ါးတန်းဆိပ်ကမ်းမှ ဒလမြို့နယ်၊ မှော်စက်

ရပ်ကွက်၊ မင်းရဲကျော်သူလမ်းနေ ကျော်အောင်(ခ)ကျော်ကြီး(ခ)ပြာဂလောင်

(၂၉) နှစ်အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ၎င်းမှအမှုအားကျူးလွန်

ခဲ့ကြောင်းနှင့် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

REF: Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။