စနေနေ့ည ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာအသင်းဟာ အိမ်ကွင်းမှာ မန်ယူအသင်းကို ဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ ရမှတ် ၄၁ မှတ်ရရှိထားကာ အဆင့် ၂ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။အမှတ်ပေးဇယားမှာဦးဆောင်နေတဲ့ မန်စီးတီးအသင်းနဲ့ ၁၁ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။လက်စတာအသင်းဟာ ရမှတ် ၂၆ မှတ်ရရှိထားကာ အဆင့် ၈ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

လက်စတာအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၃ ပွဲနိုင် ၂ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။မန်ယူအသင်းရဲ့နောက်ဆုံး ငါးပွဲရလဒ်မှာလည်း ၃ ပွဲနိုင် ၂ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။လက်စတာအသင်းနဲ့ မန်ယူအသင်းရဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံးငါးပွဲရလဒ်မှာ မန်ယူအသင်းက လေးပွဲအနိုင်ရယူထားနိုင်ခဲ့ပြီး တစ်ပွဲသရေ ကျထားတာလည်းဖြစ်ပါတယ်။

လက်စတာအသင်းရဲ့ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းမှာတော့ ဂါရေး၊ ဗာဒီ၊ မာရက်စ်၊ အမ်ဒီဒီ၊ အီဘိုရာ၊ အယ်ဘရိုက်တန် တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။မန်ယူအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ရက်စ်ဖို့၊ လင်ဂတ်၊ လူကာကူ၊ ပေါ့ဘာ၊ ဟာရဲရား၊ မာတစ် တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။မန်ယူအသင်းအနေနဲ့ မန်စီးတီးအသင်းကို ဖိအားပေးဖို့အတွက် အနိုင်ရရှိဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။လက်စတာအသင်းရဲ့ အိမ်ကွင်းမာကျောမှုက မန်ယူအသင်းအတွက် အနည်းငယ်အခက်တွေ့စေမှာလည်းဖြစ်ပါတယ်။ဘယ်အသင်းက အနိုင် ၃ မှတ်ရယူသွားနိုင်မှာလည်းဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။