မလေးရှားကို အနိုင်ကစားမည်ဟု မြန်မာနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ဆို

၂ဝ၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(ခ)နောက်ဆုံးနေ့ပွဲစဉ်များအတွက် ပွဲကြိုသတင်းစာရှင်းလင်း ပွဲကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ရှိ Novotel ဟိုတယ်၌ ကျင်းပသည်။

ယခုနောက်ဆုံးပွဲမှာ အိမ်ရှင်မြန်မာ အသင်းအတွက် ဆီမီးဖိုင်နယ် တက်ရောက်ရေး အဆုံး အဖြတ်ပွဲဖြစ်ပြီး နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ဆီမီးဖိုင်နယ် တက်ရောက်ရန် မလေးရှားကို အနိုင်ကစား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အုပ်စု(ခ)နောက်ဆုံးပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိကွင်း၌ ယနေ့ညနေ ၆ နာရီတွင် တစ်ချိန်တည်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ''ဗီယက် နမ်နဲ့ပွဲမှာ မလေးရှား အသင်းရဲ့ ကစားပုံကို တွေ့မြင်ခဲ့ရပါ တယ်။ ဒီပွဲမှာ သရေရပေမယ့် အနိုင်ရအောင်ကစားမှာပါ။ နိုင်မှဆီမီးဖိုင်နယ်တက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ယှဉ်ပြိုင်ကစား မှာပါ။

မလေးရှားအသင်းနဲ့ ခြေစမ်းပွဲမှာ ဂိုးမရှိသရေကျခဲ့ ပေမယ့် အဲဒါက ခြေစမ်း ပွဲဖြစ်ပြီး ဒီပွဲက နောက်တစ်ဆင့် တက်ဖို့ အဆုံးအဖြတ်ပွဲဖြစ်ပါတယ်။ မလေးရှား အသင်းကို အနိုင်ကစားပြီး ဆီမီးတက်အောင်ကြိုးစား သွားမှာပါ''ဟု ပြောကြားခဲ့သည်။

မလေးရှားအသင်းနည်းပြ ကင်ဆွီးက'' မြန်မာ အသင်းဟာ တောင့်တင်း တဲ့အသင်းပါ။ လူငယ်အများစုနဲ့ ဖွဲ့စည်းထားပြီး ကစားပုံမာကျောပါတယ်။

အိမ်ရှင်အသင်းကတော့ အခွင့်အရေးပိုသာပါတယ်။ ဆီမီးဖိုင်နယ်တက်ဖို့ ဖိအား မရှိသလို မြန်မာအသင်းကို အနိုင်ကစား သွား မှာပါ''ဟု ပြောကြားခဲ့သည်။

Credit - MOI WebPortal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။