ဗြိတိန်တော်ဝင်မင်းသားလေးဟယ်ရီဟာချစ်ရတဲ့တိုင်းတစ်ပါးသူအမေရိကန်မလေးမီဂန်မာကယ်နဲ့လာမယ့်မေလဆယ့်ကိုး

ရက်နေ့မှာလက်ထပ်တော့မှာပါ။ဗြိတိန်ဆယ်ကျော်သက်မ

လေးတွေရဲ့ညအိမ်ရာဝင်မင်းသားလေးဖြစ်တဲ့တော်ဝင်

မင်းသားလေးဟယ်ရီဟာမေလဆယ့်ကိုးရက်နေ့

လန်ဒန်ကစိန့်ရော့ဘုရားကျောင်းကြီးမှာလူပျိုဘဝကို

အဆုံးသတ်လိုက်တော့မှာဖြစ်ပါတယ်။ဟယ်ရီနဲ့လက်ထပ်မယ့်

မီဂန်ဟာသာမန်အရပ်သူတစ်ဦးဖြစ်ပြီးရုပ်ရှင်မင်းသမီး

တစ်ဦးလည်းဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့

တော်ဝင်မင်္ဂလာပွဲကိုဗြိတိန်တစ်နိုင်ငံလုံးစိတ်ဝင်တစား

စောင့်ကြည့်နေကြပါတယ်။

ဗြိတိန်တော်ဝင်မိသားစုဝင်တွေဟာတော်ဝင်မင်္ဂလာပွဲတွေကို

ရုံးဖွင့်ရက်တွေမှာများသောအားဖြင့်ကျင်းပလေ့ရှိကြပါတယ်။

ဒါပေမယ့်ဟယ်ရီနဲ့မီဂန်တို့ရဲ့မင်္ဂလာပွဲလေးကိုတော့

ရုံးပိတ်ရက်ဖြစ်တဲ့စနေနေ့မှာကျင်းပမှာပါ။တိမ်ပြာပြာ

စနေနေ့ဘေးမှာကျင်းပတဲ့တော်ဝင်မင်္ဂလာပွဲလေးလို့

ဆိုကြပါစို့။နောက်တစ်ခုထူးခြားတာကမေလဆယ့်ကိုးရက်မှာ

အက်အေဖလားဗိုလ်လုပွဲကျင်းပဦးမှာဖြစ်လို့အက်အေဖလား

ဗိုလ်လုပွဲနဲ့ဟယ်ရီတို့မင်္ဂလာဆောင်နဲ့သွားတိုက်နေတာပါပဲ။

ဟယ်ရီတို့မင်္ဂလာဆောင်ကိုတော်ဝင်မိသားစုတွေ

စုံစုံလင်လင်တက်ရောက်လာကြမယ်လို့လည်းသိရပါတယ်။

ဟယ်ရီရဲ့အဘွားဖြစ်တဲ့ဗြိတိန်ဘုရင်မကြီးအယ်လိဇဘတ်(2)

ဟာမြေးငယ်လေးရဲ့မင်္ဂလာဆောင်ကိုတက်ရောက်ပြီးဘယ်

လိုဆုတောင်းစကားတွေမြွက်ကြားဦးမလဲဆိုတာတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေကြပါတယ်။အဆိုပါအခမ်းအနားကိုတော်ဝင်

မိသားစုတွေသာမကသတို့သမီးဖြစ်သူမီဂန်ရဲ့မိဘနှစ်ပါး

ဖြစ်တဲ့သောမတ်မာကယ်နဲ့ဒိုရီရာရပ်ဂ်လန်တို့လည်းတက်

ရောက်ကြမှာပါ။လတ်တလောထွက်ပေါ်နေတဲ့သတင်း

တွေအရဟယ်ရီရဲ့သတို့သားအရံဟာအကိုတော်

၀ီလျံဖြစ်မယ်လို့ကြားနေရပါတယ်။

Source-BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။