တရုတ်ပြည်က ၂၆ နှစ်အရွယ် အမျိုးသမီးဟာ သူမချစ်သူပစ်သွားခဲ့လို့ သူမ စဉ်းစားဖို့ အချိန်လိုတယ်ဆိုပြီး KFC ကြက်ကြော်ဆိုင်မှာ ကြက်တောင်ပံ ကြော်တွေစားကာ တစ်ပတ်တိတိနေခဲ့ပါတယ်။ သူမဟာ သူမချစ်သူနှင့် လမ်းခွဲပြီးနောက် စိတ်ပျက်လက်ပျက်နှင့် အိမ်ကိုပြန်လာခဲ့ရာ အိမ်နားမှာရှိတဲ့ KFC ကြက်ကြော်ဆိုင်မှာ နေခဲ့တာဖြစ်ပါတယ်။ သူမအနေနှင့် သူမရဲ့ တိုက်ခန်းမှာ သူမချစ်သူရဲ့ အငွေ့အသက်တွေပြည့်နှက်နေတဲ့ အတွက်ကြောင့် အိမ်မပြန်ဘဲ KFC ဆိုင်ကို ဝင်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။
အမှန်တော့ သူမရဲ့ ရည်ရွယ်ချက်က အချိန်လိုအပ်တဲ့အတွက်ကြောင့်သာ ဝင်ခဲ့တာဖြစ်သော်လည်း KFC ရောက်တဲ့အခါမှာတော့ စိတ်သက်သာရဖို့ကြက်ကြော်မှာစားရာကနေ အလုပ်ကို နေမကောင်းဘူးဟု ဖုန်းဆက်ကာ ခွင့်တိုင်ခဲ့ပြီး တစ်ပတ်တိတိနေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ KFC က အလုပ်သမားတွေကတော့ ဆိုင်ဟာ ၂၄ နာရီဖွင့်တဲ့ အတွက် shifts တွေ လဲရတာကြောင့် သူမကို စစချင်းတော့ သတိမထားမိဘူးလို့ဆိုပါတယ်။ သူမကို သုံးရက်အကြာမှ စတင်သတိထားမိတာဖြစ်ပြီး သုံးရက်လုံးလုံး ဆိုင်ကနေမခွာခဲ့ပါဘူး။
သူမဟာ အာလူးကြော်ရယ် ကြက်ကြော်တွေရယ်ကို ဆက်တိုက် ဆိုင်က မှာစားတာကလွဲရင် ဆိုင်ကို ဒုက္ခမပေးတဲ့အတွက် မောင်းထုတ်လို့မရခဲ့သော်လည်း ဝန်ထမ်းတွေ အနေနှင့် သူမကျန်းမာရေးအတွက် စိုးရိမ်လာကြပါတယ်။ တစ်ပတ်အကြာမှာတော့ သူမဟာ ကြက်ကြော်ကို ငြီးငွေ့လာခဲ့ပြီး နောင်ဆို ကြက်ကြော်ကို မစားဖြစ်တော့ မှာဆိုလို့ ဆိုင်ကနေစွန့်ခွာခဲ့ပြီး မိဘတွေရှိတဲ့နေရာကိုပြန်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Source : Dailymail
Anna
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။