မနေ့ကမြန်မာ့လက်ရွေးစင်တိုက်စစ်မှူးကျော်ကိုကိုရဲ့

25နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။သူ့ရဲ့မွေးနေ့မှာ

ကျော်ကိုကိုဟာချစ်ရတဲ့ရန်ကုန်ယူနိုက်တက်အသင်းဖော်

တွေနဲ့အတူပျော်ရွှင်စရာမွေးနေ့ပွဲလေးတစ်ခုကိုကျင်းပခဲ့ပါ

တယ်။ကျော်ကိုကိုဟာသူ့ရဲ့မွေးနေ့ပွဲလေးကိုရန်ကုန်ယူနိုက်တက်နဲ့

နီးတဲ့အင်းစိန်လမ်းမပေါ်ကThai Potအကင်ဆိုင်မှာပြုလုပ်ခဲ့တာပါ။ချစ်သူခင်သူတွေနဲ့

ကျော်ကိုကိုရဲ့ပျော်ရွှင်စရာမွေးနေ့ညချမ်းလေးပေါ့။

ကျော်ကိုကိုရဲ့မွေးနေ့ပွဲကိုရန်ကုန်ယူနိုက်တက်အသင်းဖော်

တွေဖြစ်တဲ့ကျော်ဇင်ထက်၊ဆန်းဆက်နိုင်၊ဇွန်မိုးအောင်၊ငြိမ်း

ချမ်းအောင်၊မောင်မောင်လွင်၊ခင်မောင်လွင်၊ကျော်မင်းဦး

တို့တက်ရောက်လာကြပါတယ်။ဒါ့အပြင်ရန်ကုန်နည်းပြ

အဖွဲ့ဝင်တွေလည်းကျော်ကိုကိုရဲ့မွေးနေ့ပွဲကိုလာရောက်ခဲ့ကြပါတယ်။မိသားစုနဲ့အတူမွေးနေ့ကျင်းပခွင့်ရတဲ့အပြင်

အသင်းဖော်တွေလည်းလာရောက်ခဲ့ကြတာကြောင့်ကျော်ကိုကိုပျော်နေပါတယ်။

မွေးနေ့ပွဲဆိုပေမယ့်ကျော်ကိုကိုရဲ့နှုတ်ဆက်ပွဲဆိုရင်လည်း

မမှားပါဘူး။ကျော်ကိုကိုဟာမကြာခင်ရက်ပိုင်းအတွင်းမှာ

ထိုင်းကလပ်ချင်ရိုင်းကိုသွားတော့မှာပါ။ဒါကြောင့်သူ့သူငယ်

ချင်းတွေကိုတစ်ခါတည်းနှုတ်ဆက်သွားတဲ့ပွဲလို့လည်း

ပြောလို့ရတာပေါ့။သူငယ်ချင်းတွေကလည်းကျော်ကိုကို

ဒီထက်ပိုပြီးအောင်မြင်လာအောင်ဆုမွန်ကောင်းတောင်း

ပေးခဲ့ကြတာကိုတွေ့ရပါတယ်။

Source-YUFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။