ဗီယက်နမ်သတင်းစာဖိတ်ခေါ်ဖလားပြိုင်ပွဲဝင်ဦးကြည်လွင်

ခေါင်းဆောင်တဲ့မြန်မာယူ-21အသင်းဟာမြန်မာပရိသတ်

တွေအမြင်မှာစာမေးပွဲအောင်ရုံမကဂုဏ်ထူးမှတ်ပါ

ရခဲ့တယ်လို့ဆိုရမှာပါ။ယူ-21ဟာအသင်းသစ်

ဖြစ်ပြီးဝင်းနိုင်ထွန်း၊ပြည့်စုံနိုင်တို့လိုကစားသမားကောင်း

တွေကိုပါယူ-23ကခေါ်သွားလို့အတော်လေးကိုအင်အား

နည်းတဲ့အသင်းလို့ပြောလို့ရပါတယ်။ဒါပေမယ့်အဲ့လို

အသင်းကိုဦးကြည်လွင်ကအကောင်းဆုံးဦးဆောင်မှု

ပေးခဲ့ပြီးတတိယရယူပေးခဲ့ပါတယ်။ဦးကြည်လွင်က

တတိယပဲရတာဘာလို့ဂုဏ်ထူးပေးရမလဲလို့မေးနိုင်ပါတယ်

မြန်မာယူ-21အသင်းကိုဂုဏ်ထူးမှတ်ပေးရခြင်းကတတိယ

လုပွဲတွင်ထိုင်းကိုအနိုင်ယူပြခဲ့လို့ပါ။ထိုင်းယူ-21က

အာရှအဆင့်ကိုသွားကြမယ်ဆိုပြီးရည်ရွယ်တည်ဆောက်

ထားသောအသင်း၊ဘာစီလိုနာလာမာဆီယာကနည်းပြ

တွေကိုင်တွယ်နေသောအသင်းဖြစ်ပါတယ်။ထိုကဲ့သို့သော

အသင်းမျိုးကိုမြန်မာယူ-21အနိုင်ယူပြခဲ့ခြင်း။

တတိယလုပွဲမှာလေးဂိုးနှစ်ဂိုးနဲ့နိုင်သလိုပထမအကျော့

တွေ့ဆုံမှုမှာလည်းအနိုင်ယူပြထားခဲ့ပါတယ်။

ဒီနေ့နိုင်ပွဲမှာမြန်မာအသင်းသားအားလုံးနိုင်လိုစိတ်

ပြင်းစွာကြိုးစားခဲ့ကြ၍အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။

ထိုင်းအသင်းကိုခြေအသာနဲ့ဖိကစားပြီး

ခြေပြတ်ဂိုးပြတ်အနိုင်ယူခဲ့ခြင်းဖြစ်ပါတယ်။ရဲရင့်သော

မြန်မာယူ-21အသင်းပင်။မြန်မာယူ-21အသင်း

ထိုင်းကိုနှစ်ကြိမ်တိုင်တိုင်အနိုင်ယူပြခဲ့ခြင်းက

ဂုဏ်ယူဖွယ်မှတ်တမ်းတစ်ရပ်ရေးထိုးနိုင်ခဲ့ခြင်းပါ။

အဓိကပြိုင်ပွဲတွေမှာမြန်မာအသင်းထိုင်းကိုအနိုင်မရခဲ့

သည်မှာကြာခဲ့ပြီမဟုတ်ပါလား...

Source -MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။