မြန်မာနေရှင်နယ်လိဂ်ချန်ပီယံရှမ်းယူနိုက်ဟာအသင်း

ရဲ့ပြည်တွင်းကစားသမားတွေဖြစ်တဲ့ကစားသမား

ခြောက်ဦးကိုစာချုပ်သက်တမ်းတိုးခဲ့ပါတယ်။

၀ါရင့်နောက်ခံလူ ၀င်းမင်းထွဋ်ကို၁ နှစ်၊ အသင်းခေါင်းဆောင် ဂိုးသမား သီဟစည်သူနှင့် ၀ါရင့်တိုက်စစ်မှုး စိုးမင်းဦး တို့ကို၂ နှစ်စီနဲ့ကွင်းလယ်လူ တင်ဝင်းအောင်၊တိုက်စစ်မှုး ဇင်မင်းထွန်းနှင့် ဂိုးသမား မျိုးမင်းလတ်တို့အား၃ နှစ်စီ သက်တမ်းတိုး စာချုပ်များ ချုပ်ဆို ခဲ့တယ်လို့ရှမ်းယူနိုက်တက်ကြေညာခဲ့ပါတယ်။ဂိုးသမားမျိုးမင်းလတ်ကလွဲရင်ကျန်ကစားသမားတွေဟာ

အသင်းရဲ့Line-upကစားသမားတွေပါ။

ရှမ်းအသင်းဟာအသင်းမှာရှိတဲ့ပြည်တွင်းပလေယာတွေကို

စာချုပ်ချုပ်ဆိုပြီးတည်ငြိမ်တဲ့ခြေစွမ်းကိုဆက်လက်ထိန်း

သိမ်းဖို့ကြံစည်လိုက်ပါတယ်။နိုင်ငံခြားသားကစားသမား

တွေကတော့အပြောင်းအလဲရှိမှာဖြစ်ပြီးအသင်းရဲ့တိုက်စစ်မှူး

ခရစ္စတိုဖာတစ်ယောက်တည်းကိုသာစာချုပ်သက်တမ်းတိုး

ထားတာတွေ့ရပါတယ်။ဒါပေမယ့်ခေါ်ယူခွင့်ရှိတဲ့နိုင်ငံခြားသား

ကစားသမားလေးဦးလုံးကိုခေါ်ယူသွားမယ်လို့သိရပါတယ်။

ရှမ်းယူနိုက်တက်ဟာမြန်မာပြည်ကိုယ်စားပြုအဖြစ်

အာရှချန်ပီယံလိဂ်ခြေစစ်ပွဲကိုမကြာခင်ကစား

ရတော့မှာပါ။

ဖိလစ်ပိုင်ကလပ်ဆီးရပ်နီးဂရို့နဲ့ခြေစစ်ပွဲကစားဖိုအချိန်သိပ်မလိုတော့ပေမယ့်ကစားသမားစာရင်းအတည်တကျမဖြစ်

သေးတာတော့ရှမ်းအတွက်မကောင်းပါဘူး။ရှမ်းအသင်းဟာ

ကျန်ရှိနေသေးတဲ့နိုင်ငံခြားသားပလေယာတွေကိုဒီရက်ပိုင်းမှာ

စာချုပ်ချုပ်ဆိုသွားမယ်လို့သိရပါတယ်။ရှမ်းဟာဆီးရပ်အသင်းကိုသုဝဏ္ဏကွင်းမှာလက်ခံကစား

မှာဖြစ်ပြီးအနိုင်ရရှိခဲ့ရင်သြစတေးလျကလပ်ဘရစ္စဘိန်းရိုအာနဲ့အဝေးကွင်းမှာသွားရောက်ကစားရမှာပါ။

Source -Shan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။