ဒီနေ့ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်းမှာ ဘာစီလိုနာအသင်းကို ၃ ဂိုး ဂိုးမရှိရလဒ်နဲ့ အရှုံးပေးခဲ့ရတာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းကတော့ ယခုနှစ်ဘောလုံးရာသီမှာ ရှုံးပွဲမတွေ့ကြုံရသေးတာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ဇယားထိပ်ဆုံးမှာ ရမှတ် ၄၅ မှတ်နဲ့ ပြတ်ပြတ်သားသား ဦးဆောင်နေခဲ့ပြီလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းကတော့ အဆင့် ၄ နေရာမှာရှိနေခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ ၁၄ မှတ်ကွာဟခဲ့ပြီးလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စီရော်နယ်ဒို၊ ဘင်ဇီမာ၊ မိုဒရစ်၊ ကတ်စမဲရိုး၊ တိုနီကရူး၊ ကိုဗာဆစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မက်ဆီ၊ ဆွာရက်၊ ရာကီတစ်၊ အင်နေယေစတာ၊ ပေါ်လင်ဟို၊ ဘက်စကွက် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အသင်းကြီးနှစ်သင်းအားပြိုင်မှုကြောင့် ပွဲဟာ အကြိတ်အနှယ်ရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လူကပ်ပုံအားနည်းမှုကနေ ဘာစီလိုနာအသင်းအနိုင်ဂိုးတွေရယူခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးချိန်အထိ နှစ်သင်းစလုံးဟာ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့အဖွင့်ဂိုးကိုတော့ ၅၄ မိနစ်မှာဆွာရက်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နောက် ၁၀ မိနစ်အကြာမှာတော့ ပယ်နယ်တီဧရိယာအတွင်းမှာ ကာဗာဂျယ်ဘောလုံးကို လက်နဲ့ ပုတ်ထုတ်ခဲ့တာကြောင့် ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခဲ့ပြီး ပယ်နယ်တီကန်သွင်းခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။ပယ်နယ်တီကိုတော့ မက်ဆီက အမှားအယွင်းမရှိကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းအတွက် နောက်ဆုံးဂိုးကိုတော့ ဗီဒယ် က နောက်ဆုံးမိနစ်မှာသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။