အနုပညာလောကရဲ့ နာမည်ရမော်ဒယ်လ်တစ်ဦးဖြစ်သလို ပရိသတ်အားပေးမှုရရှိထားသူလည်းဖြစ်တဲ့ ပိုင်တံခွန်ကတော့ ပြည်ပကို ခဏ ရောက်ရှိသွားတယ်လို့ သိရပါတယ်။ စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်အရပ်အမောင်းကို ပိုင်ဆိုင်ထားပြီး မိန်းကလေးပရိသတ်တွေရဲ့ အထူးအားပေးဝန်းရံမှုကိုရရှိထားတဲ့ ပိုင်တံခွန်ကတော့ တရုတ်နိုင်ငံကိုရောက်ရှိနေတယ်လို့ သူ့ရဲ့လူမှုစာမျက်နှာမှ တဆင့်သိရပါတယ်။ 

အမှန်တော့ ပိုင်တံခွန်ဟာ မူဆယ်မြို့ကိုရောက်ရှိနေတာဖြစ်ပြီး အနီးမှာရှိတဲ့ တရုတ်ပြည်ထဲကို ခဏသွားရောက်လည်ပတ်ခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။ သူ့ရဲ့ လူမှုစာမျက်နှာမှာတော့ "တရုတ်ပြည်ထဲခဏ" ဆိုပြီး ရွှေလီဘက်ပိုင်းကို ရောက်နေတဲ့ ဓာတ်ပုံလေးတွေ အမှတ်တရ တင်ထားတာတွေ့ရပါတယ်။ 

ပိုင်တံခွန်ဟာ လက်ရှိအမျိုးသားမော်ဒယ်လ်တွေထဲမှာ နာမည်ကြီးထိပ်တန်းတစ်လက်အဖြစ် ရပ်တည်နေပြီး ရှိုးပွဲတော်တော်များများမှာလည်း ပါဝင်လို့နေတာတွေ့ရပါတယ်။ နာမည်ကြီး Oppo ဖုန်းရဲ့ Brand Ambassdor တစ်ဦးဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း အဆက်မပြတ်လုပ်ကိုင်နေတာတွေ့ရပါတယ်။ မိဘတွေအပေါ်သိတတ်တဲ့ သားတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အသိမှတ်ပြုအားပေးခြင်းကိုရရှိထားသူလည်း ဖြစ်ပါတယ်။

Source: Paing Ta Kon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။