ကျွန်မကသာ သမ္မတကြီး နေရာမှာ မနက် ၆ နာရီကနေ ည ၆ နာရီအထိ တစ်ရက်စာ အချိန်ရခဲ့မယ် ဆိုရင် ....

အရင်ဆုံး မနက်ပိုင်း မူဆယ်သွားပါမယ်။ စစ်တပ်ကို အပစ်အခတ် ခတ္တရပ်စဲထားဖို့ ပြောပြီး တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကို ချက်ခြင်းသွားရောက်တွေ့ဆုံပါမယ်။ ငြိမ်းချမ်းရေးမရတောင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတတ်နိုင်ဆုံး မျက်နှာချင်းဆိုင် ညှိနှိုင်းပါမယ်။ သမ္မတတစ်ယောက်အနေနဲ့ နောက်ဆုံးအဆင့်အထိ ကျိုးနွံစွာ အောက်ကျစွာ မေတ္တာရပ်ခံပါမယ်။ စဉ်းစားဖို့ အချိန် ၁၀ နာရီပေးပါမယ်။

နေ့လည် လွှတ်တော်ကို ပြန်ဝင်ပြီး သက်ငယ်မုဒိန်းနဲ့ အခြားသော ပြစ်မှုကြီးတွေအတွက် သက်ဆိုင်ရာ ဥပဒေအကြံပေးများ တွေ့ဆုံပြီး အထိရောက်ဆုံးပြစ်ဒဏ်ပေးရေး အတွက်တိုင်ပင်ဆုံးဖြတ်ပါမယ်။ ဒါအပြင် ရာဇဝတ်မှုတွေအတွက် ပြည်သူ့ ရဲတပ်ဖွဲ့ အင်အားတိုးမြှင့်ရေးနဲ့ ပြည်သူများကို ကြိုတင်ကာကွယ်ရေး အသိပညာပေးရေး လုပ်ငန်းစဉ်များ အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ အမျိုးသမီးရေးရာ ၊ မြို့တော်စည်ပင် ၊ ဆက်သွယ်ရေးနဲ့ ပြန်ကြားရေး ဌါနတွေနဲ့ ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်ပါမယ်။ သတင်းမီဒီယာ တွေနဲ့တွေ့ဆုံပြီး ဖြစ်ရပ်မှန်သတင်းများအားလုံးကို ကြိုတင်ကာကွယ်ရေး ပညာပေးဆောင်းပါးများနဲ့ ပူူးတွဲ ဖော်ပြရန် အဆိုပြုပါမယ်။

နေ့လည်ဘက်မှာ ရခိုင်မောင်းတောဘက်က ခိုးဝင် ဘင်္ဂါလီအားလုံး စားနပ်ရိက္ခာပေးပြီး ပြည်တွင်းက ၂၄ နာရီအတွင်းထွက်ခွါရန် အမိန့်ပေးဖို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ တွေ့ဆုံ လုပ်ဆောင် ပါမယ်။ ပြတ်ပြတ်သားသား အရေးယူပါမယ်။ ပြောမရလို့ လိုအပ်ရင် စစ်အင်အားသုံးပြီး မောင်းထုတ်ပါမယ်။ ကမ႓ာကလက်ညှိုးထိုးရုံမက နိုင်ငံတစ်ကာ စစ်ခုံရုံးတင်တင် ဂရုမစိုက်ပါဘူး။ အခုကျွန်မပိုင်ထားတဲ့ ကျွန်မနိုင်ငံ တစ်လက်မတောင် အထိအစွန်းမခံနိုင်လို့ပါ။

ညနေမှာ စီးပွားကူးသန်းဝန်ကြီး လယ်ဆည်ဝန်ကြီးတွေနဲ့တွေ့ပါမယ်။ တောင်သူလယ်သမားတွေ ချေးငွေလုံလုံလောက်လောက်ရရေး နဲ့ နိုင်ငံတကာ အဆင့်မီ စိုက်ပျိုးရေးနည်းပညာရရှိရေး မြန်မာ့ငွေကြေး ပြန်လည်ဦးမော့လာရေး ကုန်စျေးနှုန်းတည်ငြိမ်ရေး အမိန့်ပေးအဆိုပြုပါမယ်။ သူတို့ပြန်ပြောမယ့် နိုင်ငံတော် ဘတ်ဂျက်မရှိဘူးဆိုတဲ့ စကားကိုမျှော်လင့်ထားပြီးသားမို့ နိုင်ငံတော်မှာ ပိုက်ဆံမရှိရင် ပိုက်ဆံ ရှိနေတဲ့ ခရိုနီတွေ အကုန်ခေါ်ပြီး အကူအညီတောင်းပါမယ်။ ပြည်သူတွေအဆင်ပြေဖို့ ခရိုနီတွေကို ခယဖို့လည်း ကျွန်မ ဝန်လေးမှာ မဟုတ်ပါ။ နိုင်ငံတော်ထက် ပိုချမ်းသာနေတဲ့ ခရိုနီအင်အားစုတွေ များပါတယ်။ မကူညီနိုင်ဘူးဆိုလည်း ရပါတယ်။ ဘဏ္ဍာအခွန်ဝန်ကြီးကို ခရိုနီတွေရဲ့ ဝင်ငွေခွန်တိတိကျကျလိုက်လံ စစ်ဆေးပြီး အရေးယူခိုင်းပါမယ်။ လိုအပ်ရင် ဖမ်းပါမယ်။ သိမ်းပါမယ်။

ညနေတော်တော်စောင်းနေပါပြီ။

မပြန်ခင် ပညာရေးဝန်ကြီး နဲ့ လူမှုဝန်ထမ်းက တာဝန်ရှိသူတွေနဲ့တွေ့ပါမယ်။ တက္ကသိုလ်တွေ တဝိုက်က အရက်ဆိုင် ဇိမ်ခန်းနဲ့ ကာရာအိုကေတွေ မာဆတ်တွေ အကုန်သိမ်းခိုင်းပါမယ်။ Google ကဒေါင်းလုပ်ဆွဲလာတဲ့ ကမ႓ာ့အဆင့်မီ ပညာရေး လုပ်ဆောင်ချက်များစာအုပ် ပညာရေးဝန်ကြီးကို လက်ဆောင်ပေးပါမယ်။ လူမှုဝန်ထမ်းကအကြီးအကဲတွေအကူအညီနဲ့ လူငယ်အစည်းအရုံးတွေ ပေါ်ပေါက်လာရေး မြို့နယ်အလိုက် လူငယ်စာပေဟောပြောပွဲနဲ့ တက္ကသိုလ် အားကစား ပြန်လည်ဦးမော့်လာရေး အတွက်အကြံပေးခဲ့ပါမယ်။ ပညာသင်ဆု ကြေးတွေတိုးမြှင့်ပေးပါမယ်။

ပြန်ခါနီးကားပေါ်တတ်ချိန် မူဆယ်ဘက်က အဖြေလာမလာကြည့်ပါမယ်။ သဘောတူခဲ့ရင် အကောင်းဆုံးဧည့်ခံပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ပြင်လက်ကမ်းပါမယ်။ လက်မခံရင် ကာကွယ်ရေးဝန် ကြီးကို ခုလက်ရှိ စစ်လက်နက် အင်အားလူအင်အားထက် ၄ဆထပ်တိုးပြီး တပတ်အတွင်း အပြုတ်တိုက်ဖို့ အမိန့်ပေးပါမယ်။ နိုင်ငံတကာက ကန့်ကွက်ကြောင်း မလုပ်သင့်ကြောင်း စာလွှာတွေရောက်လာနိုင်ပါတယ်။စာ ပြန်ဖို့ စာရေးပေးခဲ့ပါမယ်။

" တနေ့ သင်တို့နိုင်ငံ၌ ကျွန်ုပ်တို့ နိုင်ငံကဲ့သို့ ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်း ၁၃ဝကျော်ရှိနေပါက သင်တို့ ကျွန်ုပ်၏ ဆုံးဖြတ်ချက်အား ယခုထက်ပိုမိုကောင်းမွန်စွာ သုံးသပ်နိုင်မည်ဟု မျှော်လင့်ပါသည်။" ဒါပါပဲ။

ပြန်ခါနီး လိုက်ပို့တဲ့ လျှပ်စစ်ဝန်ကြီး နဲ့ နိုင်ငံခြားရေး ဝန်ကြီးကို .. ငါ့နိုင်ငံက ဓါတ်တိုင်တွေအကုန်ဖျောက်ပြီး မြေအောက်ကြိုးနဲ့ မြို့ကြီး ၄ခုစာ နေစွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်စက်ရုံဆောက်ပေးနိုင်မယ့် ဘယ်နိုင်ငံက ရင်းနှီးမြုတ်နှံသူကိုမဆို နှစ်၂၀ အခွန်လွှတ်နဲ့ JV ပေးလုပ်မယ် ... လို့ တိုးတိုးလေး ကပ်မှာခဲ့ပါမည်။

ပြန်ဖို့ကားပေါ်ရောက်ပါပြီ။ စစ်ပွဲများ၊ ပေါက်ကွဲမှုများ၊ ကုန်စျေးနှုန်းမြင့်တတ်ခြင်းများ၊ ရာဇဝတ်မှုများကြောင့် စိတ်ပျက်အားငယ်နေသော စိုးထိတ် ကြောက်လန့်နေသော ပြည်သူများအား ကျွန်မ ကားပေါ်မှ နောက်ဆုံးသမ္မတ အချိန်လေးတွင် အားပေးစကား မိန့်ခွန်းပြောပါမည်။ စစ်ဘေးဒဏ်နှင့် ရာဇဝတ်မှုများကြောင့် သေဆုံးခဲ့ရသူတို့၏ မိသားစုများအား ထပ်တူထပ်မျှ ကြေကွဲရပါကြောင်း တိုင်းပြည်တိုးတတ်ရေးနဲ့ ပိုမိုတည်ငြိမ် အေးချမ်းရေးအတွက် ကြိုးစားနေပါကြောင်း နှင့် ပူးပေါင်းပါဝင်ကြပါရန်တိုက်တွန်းအားပေးပါမည်။ ပြည်သူများနှင့်အတူရှိကြောင်း ပြည်သူ့အသံကို အမြဲနားစွင့်လျှက်ရှိကြောင်း နောက်ဆုံးပြောကာ နိဂုံးချုပ်ပါမည်။

အိမ်ပြန်ရောက်ပါပြီ။ ကျွန်မ သမ္မတ မဟုတ်တော့ပါ။ တနေကုန် ဘာမှ မစားခဲ့ရသမျှ အဖွားချက်ထားသော ထမင်းကိုအားရပါးရစားပါမည်။နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ပါမည်။

တနေကုန်လုပ်ခဲ့သမျှ ဘာတစ်ခုမှ အရာမထင်စေဦး နောက်ဆုံးပြောခဲ့သော ပြည်သူများရှေ့မှရပ်တည်နေပါသည်။ ပြည်သူများနှင့်အတူရှိနေပါသည်ဆိုသော မိန့်ခွန်း စကားကြောင့် ယနေ့ည မြန်မာနိုင်ငံသားများအားလုံး ပူပန်သောက အနည်းငယ်မျှတော့ သက်သာရာရကြပေလိမ့်မည်ဟု မျှော်လင့်ပါသည်။

ဟုတ်ကဲ့...

သမ္မတကြီး အသံ ကြားချင်လှပါပြီ။ ။

မြခွါညို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။