ထိုင်အင်အားကြီးကလပ်အသင်းတစ်သင်းဖြစ်တဲ့

ချင်ရိုင်းယူနိုက်တက်အသင်းဟာလာမယ့်ရာသီသစ်

အတွက်ကစားသမားသစ်မိတ်ဆက်ပွဲကိုဒီနေ့ကျင်းပပြုလုပ်ခဲ့

ပါတယ်။ချင်ရိုင်းအသင်းဟာဒီနှစ်ထိုင်းFAဖလားကိုရရှိခဲ့တာ

ကြောင့်ဖလားရရှိတဲ့အောင်ပွဲခံအခမ်းအနားကိုကစားသမား

သစ်မိတ်ဆက်ပွဲနဲ့အတူပြုလုပ်လဲ့တာပါ။အဆိုပါအခမ်းအနားကိုချင်ရိုင်းအသင်းနဲ့ဆေးစစ်ဖို့

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ကျော်ကိုကိုလည်း

ပူးပေါင်းပါဝင်ခဲ့တာပါ။

ချင်ရိုင်းအသင်းဟာထိုင်းပရီးမီးယားလိဂ်မှာမြောင်တောင်

ယူနိုက်တက်ပြီးရင်ငွေကြေးအင်အားအတောင့်တင်းဆုံး

အသင်းဖြစ်ပါတယ်။မြန်မာတိုက်စစ်မှူးကျော်ကိုကိုကို

ကာလရှည်စိတ်ဝင်စားခဲ့တာလို့ချင်ရိုင်းအသင်းက

ဝန်ခံခဲ့ပြီးဒီနှစ်မှာတော့ကျော်ကိုကို ကိုအရခေါ်နိုင်ခဲ့တာပါ။

ကျော်ကိုကိုမခေါ်ယူခင်ကကမ္ဘောဒီးယားနာမည်ကြီး

တောင်ပံကစားသမားချန်ဗန်သာနာကာကိုခေါ်မယ်လို့

သတင်းထွက်ခဲ့ပေမယ့်CV11ကမလေးရှားကိုပြောင်းသွားလို့

K3ကိုပဲခေါ်ယူခဲ့တာပါ။

ကျော်ကိုကိုဟာအောင်သူပြီးနောက်ထိုင်းပရီးမီးယားလိဂ်ကို

ပြောင်းရွှေ့တဲ့ဒုတိယမြောက်မြန်မာကစားသမား

ဖြစ်လာခဲ့ပါတယ်။အောင်သူဟာတယ်ရိုအသင်းနဲ့လေ့ကျင့်ခန်း

စတင်ဆင်းနေပြီဖြစ်ပေမယ့်ကျော်ကိုကိုကတော့မြန်မာပြည်ကို

ခေတ္တပြန်လာဦးမှာပါ။ဒါပေမယ့်မကြာခင်မှာပဲချင်ရိုင်း

အသင်းနဲ့အမြန်ဆုံးပြန်လည်ပူးပေါင်းသွားမယ်လို့သိရပါတယ်။

ဒီနေ့မှာပဲကျော်ကိုကိုရဲ့ချင်ရိုင်းခရီးစဉ်တရားဝင်စတင်

ခဲ့ပြီလို့ဆိုကြပါစို့...

Source-Kyaw ko ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။