လူမှုရေး ပဋိပက္ခတွေကြောင့် ပွဲစဉ် မပြိုင်ခင် က အသင်းနှစ်သင်းကြားမှာ အခြေအနေပြင်းထန်ခဲ့ပြီး မလေးရှား နိုင်ငံ ဘက်က ပွဲမတိုင်ခင် မြန်မာကို ပြိုင်ပွဲက ထွက်စေမည် (သို့မဟုတ်) ပြိုင်ပွဲ မှ ၄င်းတို့ နှုတ်ထွက်မည် စတဲ့ သတင်းတွေ ထွက်ခဲ့ပြီး အာဆီယံ ဘောလုံပွဲချုပ်မှ ၄င်းတို့ နှုတ်ထွက်ခဲ့လျှင် နောင်ပွဲတွေမှာလည်း ဆက်လက်ပြိုင်ခွင့်မပေးဘူးဟု ထုတ်ပြန်ပြီးနောက် မြန်မာအသင်းဘက်ကလည်း သရေဖြစ်ရင်တောင် ဆီမီးဖိုင်နယ်ကို တက်နိုင်မည်ဖြစ်သော်လည်း မလေးရှားအသင်းကို နိုင်အောင်ကန်မည်ဟုကြုံးဝါးခဲ့ပါသည်။

ပြောခဲ့တဲ့ အတိုင်းပဲ နှစ်သင်းစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ပြီးနောက် ပွဲချိန် ၈၉ မိနစ်မှာဘဲ မြန်မာအသင်းက ဒေးဗစ်ခန်းက ဂိုးတစ်ဂိုးသွင်းခဲ့ပြီး တစ်ဂိုး သုည နှင့် မလေးရှားအသင်းကို အပြတ်အသတ်နိုင်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း တခဲတနက်အားပေးခဲ့ပြီး မြန်မာနိုင်ပြီဟု ကြုံးဝါးခဲ့ကြပါတယ်။ စည်ကမ်းရှိရှိကန်ခဲ့တာဖြစ်ပြီး မြန်မာအသင်းထဲမှာ အောင်သူ၊ ကျော်ဇင်ဖြိုး နှင့် ဒေးဗစ်ခန်းတို့က ပရိသတ်အားပေးမှုကို ရရှိနေပါတယ်။

Photo Source: Khumudra

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။