အာရှချန်ပီယံလိဂ်အတွက်ပြင်ဆင်မှုကြီးကြီးမားမား

လုပ်နေတဲ့ရှမ်းယူနိုက်ဟာနိုင်ငံခြားသားကစား

သမားခေါ်ယူမှုတစ်ခုကိုထပ်မံပြုလုပ်ခဲ့ပါတယ်။

ဒီတစ်ခါခေါ်ယူခဲ့တဲ့တိုက်စစ်မှုးကတော့ကင်မရွန်းနိုင်ငံသား

အာချာပါ။အာချာဟာအသက် ၁၉နှစ်သာရှိသေးတဲ့

ငယ်ရွယ်နုပျိုတဲ့ကစားသမားတစ်

ယောက်ပါ။ မှတ်တမ်းတွေအရ အာချာဟာ ၅ ပေ ၁၀ လက်မ ရှိပြီး ၂၀၁၇ ကင်မရွန်းအဆင့်မြင့် တန်းပြိုင်ပွဲ၌ တတိယအကောင်းဆုံးကစားသမားဆု ရရှိခဲ့ဖူးတယ်လို့

ဆိုပါတယ်။

ကင်မရွန်းအဆင့်မြင့်တန်းကအသင်းကြီးတစ်သင်း

ဖြစ်တဲ့APEJES Academy FCမှာကစားနေတဲ့အာချာဟာAPEJES Academy FCရဲ့

အဓိကကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။APEJES Academy FCနဲ့အတူCAF ကွန်ဖက်ဒရေးရှင်းဖလား

ဝင်ကန်ခဲ့ပြီးဂိုးတစ်ဂိုးသွင်းယူလဲ့ပါတယ်။

ကွန်ဖက်ဒရေးဖလားဟာအာဖရိကချန်ပီယံလိဂ်ထက်

တစ်ဆင့်နိမ့်တဲ့ပြိုင်ပွဲတစ်ခုပါ။

ရှမ်းယူနိုက်တက်ဟာအာချာမတိုင်မီသူတို့အသင်းရဲ့

တိုက်စစ်မှူးဟောင်းခရစ္စတိုဖာကိုစာချုပ်သက်တမ်း

တိုးထားပါတယ်။ခရစ္စတိုဖာဟာဒီနှစ်ဘောလုံးရာသီမှာ

သွင်းဂိုးဆယ်သုံးဂိုးသွင်းပြီးဂိုသွင်းဘုရင်ဆု

ရယူထားသူပါ။အာချာပါထပ်ရောက်လာတဲ့အတွက်ရှမ်း

ယူနိုက်တက်ရဲ့ရှေ့တန်းဟာမြန်မာနေရှင်နယ်လိဂ်

ကလပ်တွေထဲမှာအတောင့်တင်းဆုံးဖြစ်လာပြီ။

အာချာရဲ့ခြေစွမ်းကိုတော့လာမယ့်အာရှချန်ပီယံလိဂ်

ခြေစစ်ပွဲဖိလစ်ပိုင်ကလပ်ဆီးရပ်နဲ့ပွဲမှာစတင်

မြင်တွေ့ရဖို့ရှိပါတယ်...

Source-Shan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။