မြန်မာလက်ရွေးစင်တိုက်စစ်မှူးကော်ကိုကိုဟာ

ဒီနေ့ညနေမှာသူ့ရဲ့အသင်းသစ်ဖြစ်တဲ့ချင်ရိုင်း

ယူနိုင်တက်အသင်းနဲ့အတူလေ့ကျင့်ခန်းစဆင်းခဲ့ပါတယ်။

ချင်ရိုင်းအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာအသစ်

ခေါ်ယူထားတဲ့နိုင်ငံခြားသားကစားသမားတွေအား

လုံးပါဝင်ခဲ့ပြီးကျော်ကိုကိုလည်းပါဝင်ခဲ့တာပါ။

အသင်းသစ်နဲ့အတူလေ့ကျင့်ခန်းဆင်းနေတဲ့ကျော်ကိုကို

ဟာပတ်ဝန်းကျင်အသစ်မှာမိမိကိုယ်ကိုယုံကြည်မှု

အပြည့်နဲ့ပါ။

ချင်ရိုင်းအသင်းမှာIconကစားသမားဖြစ်တဲ့ကွင်းလယ်လူ

သစ်ဖန်းကိုလည်းကျော်ကိုကိုနဲ့အတူတွေ့မြင့်ခဲ့ရပါတယ်။

ထိုင်းလိဂ်ရဲ့ကြေးအကြီးဆုံးကစားသမားသာနာဘွန်း

ကတော့ဒဏ်ရာကမသက်သာသေးလို့ထင်ပါတယ်။

ချင်ရိုင်းအသင်းကထုတ်ပြန်တဲ့လေ့ကျင့်ရေးအစီအစဉ်

ဓာတ်ပုံတွေမှာသူ့ကိုမတွေ့ရပါဘူး။ချင်ရိုင်းဟာ

မနေ့ကထိုင်းFAဖလားရရှိတဲ့အောင်ပွဲခံအခမ်းအနား

ကျင်းပခဲ့ပြီးဒီနေ့မှာတော့လေ့ကျင့်ရေးအစီအစဉ်

တွေပြန်လည်စတင်ခဲ့တာပါ။

ချင်ရိုင်းအသင်းမှာကျော်ကိုကိုအနေနဲ့အလျင်အမြန်

အသားကျလာဖို့မျှော်လင့်ရပြီးအသင်းအနေနဲ့လည်း

သူ့နေသားကျဖို့အတွက်ထောက်ပံ့မှုတွေပြုလုပ်ပေး

ထားပါတယ်။ကျော်ကိုကိုအတွက်အိမ်တစ်လုံးဌားပေး

ထားပြီးသွားရေးလာရေးအဆင်ပြေစေဖို့လည်း

ကိုယ်ပိုင်ကားတစ်စီးစီစဉ်ပေးထားတယ်လို့သိရပါတယ်။

ကျော်ကိုကိုဟာချင်ရိုင်းပရိသတ်တွေရဲ့အထူးအားပေမှုကိုခံနေရပြီးမကြာခင်မှာအသင်းရဲ့Iconကစားသမား

ဖြစ်လာဖို့များနေပါပြီ။

Source -Chingrai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။