မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ သူမချစ်တဲ့ ပုဂံမြေကို နောက်တစ်ကြိမ် ထပ်မံရောက်ရှိ နေတာပဲဖြစ်ပါတယ်။သူမရဲ့ အနုပညာခြေလှမ်း အသစ်ဖြစ်တဲ့ "ပုဂံမြို့သူ" ဆိုတဲ့ ဇာတ်ကားလေး ကိုရိုက်ကူးပုံဖော်ရန် ရောက်ရှိနေခဲ့ တာပဲဖြစ်ပါတယ်။ပုဂံမြေကတော့ ဆိုရိုးစကားလေး အတိုင်း "မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်" ဆိုသလို မြန်မာတို့ရဲ့ သမိုင်းဝင် အမွေအနှစ်တွေနဲ့ ပြည့်နက်လို့ နေတဲ့ တစ်ခုတည်းသော မြို့လေးတစ်မြို့ပဲဖြစ်ပါတယ်။  

ပုဂံရောက်တိုင်း အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ကူးကြလေ့ ရှိတဲ့ ရုပ်သေးရုပ် လေးတွေနဲ့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်လေးမှာ မေမြင့်မိုရ်ကလည်း ဓာတ်ပုံရိုက်ကူးခဲ့ တာပဲဖြစ်ပါတယ်။အရုပ်လေးတွေ အများကြီးတည်းကမှ ပုဂံမင်းသားလေးကို အနမ်လေး တစ်ပွင့်ချွေခဲ့ တာပဲဖြစ် ပါတယ်။ပုဂံမြို့ရဲ့ ထူးခြားလှတဲ့ သဘာ၀ ချစ်စရာအလှတွေ နဲ့အတူ သူမရဲ့ အလှကတော့ ညွန်းဖွဲ့စရာစကားလုံး မရှိလောက်အောင်ပင် ပြည့်စုံလှပနေတော့ တာပဲဖြစ်ပါတယ်။

မေမြင့်မိုရ်ဟာ ပုဂံရောက်တိုင်း ယခုလို သမိုင်းဝင်ရှေးဟောင်း အမွေအနှစ်တွေနဲ့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးလေ့ရှီပြီး ပရိသတ်တွေကို ပြန်လည် မျှဝေပေးနေတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ သူမရဲ့ လူမှု ကွန်ယက်မှာ "ပုံပြင်လေးလို ဒဏ္ဍာရီတစ်ခုလို ရင်ခုန်ခြင်းများ ရှင်သန်ခြင်းအစ" ဆိုတဲ့စာလေးနဲ့ အတူချစ်စရာပုံရိပ် လေးတွေကို ထပ်မံမျှဝေလိုက်တာ ပဲဖြစ်ပါတယ်။ပုဂံမြို့လေးဟာ မေမြင့်မိုရ် အတွက် အလွမ်းတွေကို ပိုစေတဲ့မြို့လေးဖြစ်တယ် လို့လည်းဆိုပါတယ်။

သတင်းအရင်းအမြစ် - မေမြင့်မိုရ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။