ဒီဇင်ဘာလ ၂၃ရက် မနေ့က ညပိုင်းအချိန် ခရစ္စမတ်ပွဲတော် ကို ရန်ကုန်မြို့တွင်ပထမဆုံး စည်းကားသိုက်မြိုက် စွာကျင်းပ ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ခရစ္စမတ်ပွဲတော် ဖွင့်ပွဲကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမ ပေါ်ရှိ Junction City ရှေ့တွင် ပြုလုပ်ကျင်းပ ခဲ့တာပဲဖြစ်ပါတယ်။၎င်းဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦအောင်ကို တို့က တက်ရောက်ဖွင့်လှစ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ 

အဆိုပါ ခရစ္စမတ်ပွဲတော်တွင် ဗိုလ်ချုပ်အောင်ဆန်း လမ်းမတလျှောက် ရွှေတိဂုံဘုရားလမ်းထောင့်မှ သိမ်ဖြူ လမ်းထောင့်အထိ အလှမီးများတပ်ဆင်ထွန်းညှိထား တာကိုလဲမြင်တွေ့ရပါတယ်။ ရန်ကုန်မြို့ တွင် ပထမဆုံး စည်းကားသိုက်မြိုက် စွာကျင်းပတဲ့ ခရစ္စမတ်ပွဲတော်ကို မြို့ပေါ်နေ ပြည်သူများ သောင်းနဲ့ချီ တက်ရောက်ခဲ့တာ ဖြစ်ပြီး စတုဒီသာကျွေးမွေးခြင်း၊ သီချင်းဆိုဖျော်ဖြေပွဲများပါဝင်ခဲ့တယ်လို့ သိရပါတယ်။၎င်းရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၅ ရက်တွင်ကျရောက်မည့် ခရစ်စမတ်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - သက်ထွန်းနိုင်/ ဧရာဝတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။