ဒီဇင်ဘာ(၂၃)ရက်နေ့ ညနေပိုင်းအချိန် မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့နယ်နှင့်အခြားမြို့နယ်များတွင် အုပ်စုဖွဲ့ ဆိုင်ကယ် ခိုးယူနေသူများကို ဖမ်းဆီးရမိခဲ့တယ် လို့ သိရပါတယ်။ မိတ္တီလာမြို့နယ် ရဲတပ်ဖွဲ့ဝင်များ ရဲ့ စုံစမ်းဖော်ထုတ်မှု ကနေတစ်ဆင့် ၎င်းအုပ်စုဖွဲ့ ဆိုင်ကယ် ခိုးယူနေသူများအား သက်သေခံ ခိုးရာပါ ဆိုင်ကယ် ယာဉ်များနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။အဆိုပါ ဖြစ်စဉ်မှာ မိတ္တီလာမြို့နယ် နှင့် အခြားမြို့နယ်များတွင် ဆိုင်ကယ်ခိုးယူပျောက်ဆုံးမှုများ မကြာခဏဆိုသလို ဖြစ်ပွားနေကြောင်း သတင်း ရရှိတာကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ 

သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များ ဟာ ဒီဇင်ဘာလဆန်းပိုင်းမှ ဒီဇင်ဘာ၂၃ ရက်ထိ စုံစမ်း ထောက်လှမ်းခဲ့တာဖြစ်ပြီး မနေ့က ဒီဇင်ဘာ(၂၃)ရက်နေ့ မှာတော့ အဆိုပါ အုပ်စုဖွဲ့ ဆိုင်ကယ် ခိုးယူနေ သူများကို ဖမ်းဆီးရမိခဲ့တာ ပဲဖြစ်ပါတယ်။၎င်းအဖွဲ့တွင် ကျား ၁၁ ဦး မ ၂ ဦးတို့ပါဝင်ပြီး သက်သေခံဆိုင်ကယ် ၂၄ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။လက်ရှိမှာတော့ ဖမ်းဆီးရမိ သူများအား ပုဒ်မ ၃၇၉ (ဆ) ၃၈၀ (ဆ) တို့ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ မိတ္တီလာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

သတင်းအရင်းအမြစ် - ရွှေမောင်(မိတ္ထီလာ) New Watch 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။