၂၀၂ဝတွင် ပါတီအလံနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုသာကြည့်၍ ပြည်သူတွေ မဲပေးကြတော့မည်မဟုတ်ဟု ဦးတင်ဦးပြော

လာမည့် ၂၀၂ဝရွေး ကောက်ပွဲတွင် ပါတီအလံနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို ကြည့်၍ မဲပေးခြင်းမျိုး ဖြစ်တော့မည်မဟုတ်၍

ရွေးကောက်ပွဲအတွက် ယခုကတည်း က ပြင်ဆင်ကြရန် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နာယကဦးတင် ဦးကပြောကြားသည်။

(၆၉)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့နှစ်ပတ်လည်အခမ်း အနားကို နိုဝင်ဘာ ၂၄ရက်က ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ ကျင်းပရာ ဦးတင်ဦးက ပြောကြားခြင်းဖြစ်သည်။

၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲတွင် NLDက တစ်နိုင်ငံ လုံးအတိုင်း အတာဖြင့် ကိုယ်စား လှယ်များဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။ ရွေးကောက်

ပွဲမတိုင်မီ မဲ ဆွယ်ကာလတွင်ပါတီဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်သည် တိုင်း နှင့် ပြည်နယ်များရှိမြို့အများအပြားသို့ မဲဆွယ်စည်းရုံးရေးသွား ရောက်ခဲ့ပြီး ပြည်သူများအနေဖြင့် ကိုယ်စားလှယ်ကိုမကြည့်ဘဲ ပါ တီအလံကိုသာကြည့်၍ မဲပေးကြ ရန်တိုက်တွန်းတောင်းဆိုခဲ့ရာရွေး ကောက်ပွဲတွင် လူထုထောက်ခံမှု ရလဒ်ပြတ်သားစွာ အနိုင်ရရှိခဲ့ သည်။

‘‘အခုလာမယ့် ၂၀၂ဝမှာ တော့ ဒီလိုမဟုတ်တော့ဘူး။ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်သည် ပြည်သူလူထုထဲမှာ ဘယ်လောက်

လုပ်ပေးနိုင်မလဲဆို တဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ် ကြပါ’’ဟု ဦးတင်ဦး

ကပြောသည်။

ဆက်လက်၍ ၎င်းက‘‘အဲဒီ အခါကျတော့ ဒီအလံကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့် ပါဆိုတာထက် ကျွန်တော်တို့အဖွဲ့ ဝင်တွေဟာအောက်ခြေမှာဘယ် လောက်အလုပ်လုပ်နိုင်သလဲ၊ ဘယ်လောက်

ထဲထဲဝင်ဝင်လုပ် နိုင်သလဲ၊ ဘယ်လောက်သန့်ရှင်း ကြသလဲ၊ ဘယ်လောက်

စေတနာ ကောင်းနဲ့လုပ်ကြသလဲ၊ ဘယ် လောက်အနစ်နာခံသလဲ၊ ဘယ် လောက် သဟဇာတဖြစ်အောင် လုပ်သလဲ ဒါတွေအပေါ်မှာ မူ တည်ပြီးတော့ အကောင်အထည် ဖော်လာတာကိုကြည့်ပြီး ဆုံးဖြတ် မှာဖြစ်ပါတယ်’’ဟု ဆိုသည်။

ပြည်သူများကို အကျိုးပြု နိုင်မှုအပေါ်ကြည့်ပြီး ဆုံးဖြတ်ကြ မည်ဖြစ်၍ NLDအဖွဲ့ဝင်များအ နေဖြင့် အားနည်းချက်များရှိပါက ပြန်လည်

သုံးသပ်ပြီး ၂၀၂ဝရွေး ကောက်ပွဲတွင် အောင်မြင်ရမည် ဆိုသည့်စိတ်ဖြင့်

ယခုကတည်းက ပြင်ဆင်ကြစို့ဟုလည်းဦးတင်ဦး ကပြောကြားသည်။

‘‘အခုအနေအခါမှာ သိပ်ပြီး တော့ စကားများများပြောတာ ထက် အောင်မြင်အောင်အလုပ် လုပ်ဖို့ဆိုတဲ့ကိစ္စဟာ အရေးကြီးပါ တယ်’’ဟု ၎င်းကပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် အခက်အခဲများ ကြား ရုန်းကုန်ခဲ့ရပြီး လက်ရှိတွင် လည်း ဒီမိုကရေစီရရှိရေးကြိုးစား လုံးပန်းနေရဆဲ အချိန်ဖြစ်သည်

ဟု ဦးတင်ဦးကပြောသည်။

လုပ်ငန်းများဆောင်ရွက်ရာ တွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုများ

ရှိနေသကဲ့သို့ ရပ် တန့်နေသည်များ၊ ဆုတ်ယုတ်နေ သည်များလည်း

ရှိကြောင်း၊ လက် ရှိတွင် ပြည်သူများက ၂၀၁၅ရွေး ကောက်ပွဲတွင် NLD ကြွေးကြော် ခဲ့သည့် ‘အမှန်တကယ်ပြောင်းလဲ ဖို့ NLDကိုမဲပေးစို့’ ဟူသည့်

စကား ကိုထောက်ပြီး ပြောဆိုနေသည် များရှိသည်ဟု ဦးတင်ဦးကပြော သည်။

၎င်းက ‘‘ရှေ့က ကြုံရခဲ့တဲ့ ဒုက္ခသုက္ခတွေဘယ်လောက်များ သလဲ။ ဒါတွေကိုလည်းပြန်ကြည့် ဖို့လိုပါတယ်။ ဒီကြားထဲမှာ လုပ်ရ ကိုင်ရတဲ့

အခြေအနေမှာတကယ် ပြောင်းလဲလာအောင်လုပ်နိုင်ဖို့ဆို တာကတော့ အကုန်လုံးဝိုင်းလုပ် မှရမယ့်ကိစ္စပါ။ အခုမြည်တွန် တောက်တီးနေတဲ့ ပုဂ္ဂိုလ်တွေကို မေးရမှာပါ။ ကျွန်တော်တို့က ခင် ဗျားတို့ဘယ်လောက်တောင်

ကျွန် တော်တို့ထက်အနစ်နာခံပြီးလုပ်ခဲ့ သလဲ။ ပြီးတော့ သူကဆက်ပြီး တော့ ဘယ်လောက်ထိလုပ်ဦးမှာ လဲ။ ဘယ်လောက်အလုပ်နဲ့လုပ်ပြ မှာလဲ။ မေးရမှာဖြစ်ပါတယ်’’ဟု ဆိုသည်။

ပါတီဝင်များအနေဖြင့်လည်းပြည်သူများမျှော်မှန်းသည့် အခြေအနေများ

ရရှိအောင် ဆက်လက်ကြိုးစားလုပ်ကိုင်ကြရန် တိုက်တွန်းခဲ့သည်။

Source: 7Day News Journal

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။